Friday, November 18, 2016

4 hrs · ခင်မောင်တိုး အမှတ်တရ အင်းလျားကန်ဘောင်တွင် ပြုလုပ်မည်

တေးသံရှင် ခင်မောင်တိုး(မဇ္ဈိမလှိုင်း)ကွယ်လွန်ခြင်း ၄နှစ်ပြည့်အမှတ်တရပွဲကို ၁၈.၁၁.၂၀၁၆ သောကြာနေ့ ညနေ၄နာ ရီတွင် အင်းလျားကန်ဘောင် ပြည်လမ်းဘက်အခြမ်းတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါအမှတ်တရပွဲမှာ မဇ္ဈိမလှိုင်းဂီတအဖွဲ့ဝင်ဝိုင်းတော်သားများနဲ့ RAGA music တို့မှ တေးသံရှင်ခင်မောင်တိုးရဲ့ အောင်မြင်ထင်ရှားခဲ့တဲ့ သီချင်းများနဲ့ တီးခတ်ဖျော်ဖြေသွားမယ်လို့လည်း သိရပါတယ်။ အဆိုပါပွဲနဲ့ပတ်သက်ပြီး တေးရေးတေးဆိုတယောက်ဖြစ်တဲ့ အဆိုတော်ရာဝဏ္ဏ “ဒီနေ့ ညနေ၄ နာရီ စမယ်။ ကိုရဲလွင် ကိုနေဝင်း၊ သားထွေး၊ နိုင်မင်း၊ စံလင်း၊ E ချို၊ ဝီလျံ၊ အက်စ်ကဲနက်၊ ဆူမို၊ မောင်တင်အုန်း၊ ကိုဇော်သိန်း၊ တိုးဝင်းသိန်းတို့  သီဆိုမှာပါ။ RAGA musicနဲ့ပါ။ တရံရောအခါက ခရမ်းပြာအဆောင်တည်ရှိခဲ့တဲ့နေရာ အင်းလျားကန်ဘောင် ပြည်လမ်း ဘက်အခြမ်းမှာ ကျင်းပမှာပါ”လို့ပြောဆိုပါတယ်။ တေးသံရှင် ခင်မောင်တိုးဟာ ခွန်အားဖြည့် မိငယ်၊ ရင်ခတ်အလွမ်း၊ မျက်သွယ်၊ ဝေးခဲ့ပြီ ပန်းခရမ်းပြာ၊ ကြိုးကြာသံ၊ မဟာ ဆန်သူ၊ ပန်တော်ဦး၊ ရောင်စဉ်ခုနစ်သွယ်၊ မှီတွယ်ရာလွမ်း၊ သည်းဦးသစ္စာ၊ လှိုင်းထက်က ခြေရာ၊ အကြိုက်ဆုံး ဒဏ္ဍာရီ တေးများ၊ ခုနစ်နှစ်အလွန်(ခင်ဝမ်း) အစရှိတဲ့ ကိုယ်ပိုင်သံစဉ် တေးစီးရီးခွေများနှင့် နှစ်ပေါင်း၃၀ကျော် အောင်မြင်မှုရခဲ့သူ တယောက်ဖြစ်ပါတယ်။ တေးသံရှင်ခင်မောင်တိုးဟာ အသက်၆၂နှစ်အရွယ်(၁၉၅၀-၂၀၁၂)မှာ အသည်းရောဂါဖြင့် စင်ကာပူနိုင်ငံတွင် ဆေးဝါးကုသရင်း ၂၀၁၂ နိုဝင်ဘာ ၁၅ရက်နေ့တွင် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment