Sunday, November 27, 2016

80's Classic Night ဖျော်ဖြေပွဲ

တူးတူး ချစ်ကောင်း ဟေမာနေဝင်း နှင့် ကော်နီတို့ ပါဝင်ဖျော်ဖြေသည့် 80's Classic Night ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၆ ရက်ညက အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။ ဖျော်ဖြေပွဲတွင် အဆိုတော် တစ်ဦးချင်း ဖျော်ဖြေမှုအစီအစဉ်များပါဝင်ခဲ့သလို တစ်ဦး၏ သီချင်းကို တစ်ဦးက ပြန်လည်သီဆိုခြင်း ၊ စုံတွဲ သီဆိုခြင်း နှင့် အဖွဲ့လိုက်သီဆိုမှုများလည်း ပါဝင်ခဲ့သည်။ ဖျော်ဖြေပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ တင်ဆက်ပေးခဲ့ပြီး နောက်ဆုံးနှုတ်ဆက်အစီအစဉ်တွင် အဆိုတော်လေးဦးက သီချင်းများကို အတူသီဆိုပေးခဲ့သည်။ ၁၉၈၀ နောက်ပိုင်း နာမည်ကြီးအဆိုတော်များ၏ ဖျော်ဖြေပွဲဖြစ်သောကြောင့် ၎င်းတို့၏ ပရိသတ်အများအပြား လာရောက်အားပေးခဲ့ကြပြီး သီချင်းများကိုလည်း လိုက်ပါသီဆိုအားပေးခဲ့ကြသည်။

No comments:

Post a Comment