Sunday, November 20, 2016

မြန်မာဘောလုံးအကယ်ဒမီ (ရန်ကုန်) သို့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဥက္ကဋ္ဌ လာရောက်လေ့လာ

အာရှဘောလုံးအဖွဲ့ချုပ်(AFC) ဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန်သည် ယနေ့(နိုဝင်ဘာ ၁၉ ရက်) က မြန်မာဘောလုံးအကယ်ဒမီ (ရန်ကုန်)သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ AFC ဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန်နှင့်အဖွဲ့အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်၊ CEO ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များက မြန်မာဘောလုံး အကယ်ဒမီ (ရန်ကုန်) တည်ဆောက်ထားမှု အခြေအနေများ၊ အကယ်ဒမီဘေးရှိ မြက်ခင်းတု ဘောလုံးကွင်းများအား ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် MFF ရုံးတွင် ဘောလုံးလောက တိုးတက်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ AFC ဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန် နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၁၈ ရက် က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး နှစ်ရက် ကြာနေထိုင်ကာ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာဘောလုံးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်မည့် အစီအစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ Eleven Media Group

No comments:

Post a Comment