Wednesday, November 23, 2016

မွန်ပါတီများ ပေါင်းစည်းရေး ဘုံသဘောတူညီချက်ဖြင့် အကောင်အထည် ဖော်မည်ဟု AMDP ထုတ်ပြန်

မွန်ပြည်နယ်အခြေ စိုက်ပါတီများဖြစ်သော မွန်ပါတီ များပေါင်းစည်းရေးကို ဘုံသဘောတူညီချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)က ထုတ်ပြန်ကြေညာသည်။ မွန်ပြည်သူလူထုနှင့် မွန် ရဟန်းသံဃာတို့၏ လိုအင်ဆန္ဒအရ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် အမျိုးသမီး(မွန်)ပါတီတို့ကို ပေါင်းစည်း၍ မွန်တစ်မျိုးသားလုံး ကိုယ်စားပြု မွန်ပါတီတစ်ခုတည်းသာ ထားရှိရန် တောင်းဆိုချက်များ ကြောင့် AMDP ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ စက်တင်ဘာ အစည်းအဝေးဆုံးဖြတ်ချက်နှင့် နိုဝင်ဘာ၌ ကျင်းပခဲ့သည့် အစည်းအဝေး၏ ထပ်မံအတည်ပြုဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။



‘‘တစ်ဆင့်ချင်းသွားရမယ်။ ကိုယ်က ကမ်းလှမ်းလိုက်ပြီလေ။ သူတို့(တခြားပါတီ)ဘက်က ဘယ်လိုလာမလဲဆိုတာ ကြည့်ရသေး တာပေါ့။ တစ်ဆင့်ချင်းပေါ့။ ဆက်ပြီး လုပ်ဆောင်သွားမယ်။ ကိုယ့်ပါတီက ဒီလိုသဘောထား ရှိတယ်။ ကျန်ပါတီတွေကလည်း သူတို့သဘောထားရှိတာပေါ့။ အားလုံးသဘောတူတဲ့ဟာပေါ့ လေ။ အဲဒီလိုဖြစ်သင့်တာပေါ့။ သုံးဖွဲ့ဆို တစ်ဖွဲ့၊ တစ်ပါတီရဲ့သဘောတူညီချက်နဲ့ လုပ်လို့မရ ဘူးလေ’’ ဟု AMDP ပါတီဒုဥက္ကဋ္ဌ-၂ နိုင်ချမ်းတွဲ့က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲက ကိုယ်စားလှယ် ၃၅ နေရာဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) တစ်နေရာသာ အနိုင်ရရှိထား သိရှိရသည်။ သန္တာလှိုင်

No comments:

Post a Comment