Friday, November 25, 2016

ထိုင်း ATM စက်ငွေလာဖြည့်သူများကို ဓါးပြတိုက်သူမှာ စံပြဆုရ ရဲဝန်ထမ်းဖြစ်နေ

ထိုင်းနိုင်ငံ Suphanburi ဆူဖန်ဘူရီပြည်နယ် အတွင်းရှိ 22.11.2016 ရက်နေ့ က ဓါတ်ဆီဆိုင်ဝင်းထဲမှာ ကလုံထိုင် ဘဏ်ခွဲATMစက်အတွင်း ကို ငွေလာဖြည့်ကြတဲ့ ဘဏ်ဝန်ထမ်းတွေကို သေနတ်ထောက်ပြီး ထိုင်းဘတ်ငွေ (၅)သန်းကျော်ကိုဓါးပြတိုက်သွားခဲ့သူဟာ အကောင်းဆုံး စံပြဆုရ ရဲဝန်ထမ်းတစ်ဦးဖြစ်နေကြောင်း သိရပါတယ်။ ယနေ့ မနက်ပိုင်း ချွန်ဘူရီပြည်နယ်မှာ ထွက်ပြေးတိမ်းေ၇ှာင်နေတဲ့ ရဲအရာရှိ ၀ိတူ ကို သူပုန်းအောင်းနေတဲ့ နေအိမ်မှာ ရဲတပ်ဖွဲ့ က ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့ ပါတယ်။ တရားခံ ရဲဝန်ထမ်းက ဓါးပြတိုက်မှုမှာ သူကိုယ်တိုင်ဦးဆောင် ပြီး အဖွဲ့ ဝင် လေးဦးနဲ့  စီစဉ်ခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့  ထိုင်းသတင်းတွေမှာဖေါ်ပြ ထားပါတယ်။ရဲတပ်ဖွဲ့ ဝင်တွေဟာ တရားခံ နဲ့  ပူးပေါင်း ကြံစည်ကြသူ (တရားခံအကို ဖြစ်သူပါ) အဖွဲ့ ဝင် တွေကိုဆက်လက်စုံစမ်း ဖေါ်ထုတ်နေပါပြီ။ အဆိုပါ ဓါပြရဲဟာ ပြီးခဲ့တဲ့ အောက်ဆိုဘာလကမှ အကောင်ဆုံး ရဲဝန်ထမ်း  စံပြ ဆုပေးခံခဲ့ရသူဖြစ်ပါတယ်။ SAW

No comments:

Post a Comment