Sunday, November 20, 2016

(၂၄)နာရီအတွင်း ကြည့်ရှုသူအများဆုံးဖြစ်လာတဲ့ 'Beauty and the Beast'


ဟယ်ရီပေါ်တာမင်းသမီးချော အမ်မာဝပ်ဆန်ခေါင်းဆောင်ပါဝင်ထားတဲ့ လိုက်ဖ်အက်ရှင် ရုပ်ရှင်အမျိုးအစား ''Beauty and the Beast''ရဲ့ စမ်းသပ်ထုတ်လွှင့်ခဲ့တဲ့ရုပ်ရှင်ဟာ စတင်ထုတ်လွှင့်ခဲ့ ချိန်မှ (၂၄)နာရီအတွင်း အွန်လိုင်းမီဒီယာပေါ်မှာ ကြည့်ရှုသူအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်လာခဲ့ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။ ဒစ်စနေရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ အဆိုပါရုပ်ရှင်ဟာ အွန်လိုင်းမီဒီယာပေါ်မှာ ယခင်က ကြည့်ရှုသူအများဆုံး စံချိန်တင်ထားခဲ့တဲ့ ရုပ်ရှင်တွေဖြစ်ကြတဲ့ (၂၄)နာရီအတွင်း ကြည့်ရှုသူ ၁၁၄သန်းရှိခဲ့တဲ့  ''Fifty Shades Darker''နဲ့ ကြည့်ရှုသူ ၁၁၂ သန်းရရှိခဲ့တဲ့ ''Star Wars''တို့ကို ကျော်လွန်ကာ စံချိန်သစ်တင်နိုင် ခဲ့တာ ဖြစ်ပါတယ်။
(၂၄)နာရီအတွင်း ကြည့်ရှုသူ ၁၂၇ ဒသမ ၆ သန်းရရှိစံချိန်တင်ထားခဲ့တဲ့ အဆိုပါရုပ်ရှင်ကို လာမယ့် ၂ဝ၁၇ ခုနှစ် မတ် ၁၇ ရက်မှာ အမေရိကန်တစ်ဝန်း စတင်ရုံတင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
ယင်းရုပ်ရှင်မှာ ဗြိတိန်မင်းသမီးချော အမ်မာဝပ်ဆန်က အလွန်လှပတဲ့မိန်းမပျိုလေး ဘယ်လီအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဟောလိဝုဒ်ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ ဒန်စတီဗင်စ်နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

No comments:

Post a Comment