Wednesday, November 23, 2016

အဌားကားဆရာလေး ကိုသန်းထိုက်ကျော်

စေတနာမှန်လျှင် ကံကောင်းမည်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ ရန်ကုန်မြို့က အဌားကားဆရာလေး ကိုသန်းထိုက်ကျော်ကတော့ စေတနာအကျိုးပေးလို့ ဆူဇူကီး ကားအသစ်တစ်စီးကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာလ 24 ရက်နေ့ ညနေပိုင်းမှာ သူ့အဌားကားပေါ် ရတနာထုပ် ကျန်ခဲ့လို့ပြန်ပေးခဲ့ကြောင့် ရတနာထုပ်ပိုင်ရှင်က ကိုသန်းထိုက်ကျော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကားအသစ်တစ်စီး မေတ္တာ စေတနာဖြင့် ၀ယ်ပေးခဲ့ပါတယ်။ ဒီလိုမျိုး ကားမ၀ယ်ပေးခင် စပ်ကြားမှာလည်း ရတနာထုပ်ပိုင်ရှင်အနေနဲ့ ကားမ၀ယ်ပေးဖြစ်တော့ဘူးလို့ ကောလဟလတွေ စကားသံတွေဖေ့ဘွတ်မှာ တွေ့ခဲ့ရသလို ၊ ရတနာထုပ်ပိုင်ရှင်နဲ့ ကိုသန်းထိုက်ကျော် (တက္ကစီးကားဆရာ) တို့ကြားမှာလည်း လူတစ်ချို့က ၀င်ရောက်အမြတ်ထုတ်ပြီး ဖုန်းနဲ့တစ်မျိုး ၊ စာနဲ့တစ်ဖုံ ငွေများတောင်းယူခြင်း ၊ လူချင်းမရင်းနှီးဘဲ ငွေချေးခြင်းများ ဖြစ်ပေါ်ခဲ့တယ်လို့ ကြားသိခဲ့ ရပါတယ်။

မေး - ရတနာထုပ်ကို ပြန်ပေးလိုက်တာကြောင့် အခုအကို့လက်ထဲမှာ ကားတစ်စီး ပိုင်ဆိုင်ခွင့်ရသွားပြီးဆိုတော့ ဒီကားလေးနဲ့အကိုရှေ့ဆက် ဘာတွေဆက်လုပ်သွားမလဲ။ ဒီကားနဲ့ ဘာလုပ်ဖို့အစီအစဉ်ရှိလဲ။ တက်စီပဲ ဆက်မောင်းမလား၊ အငှားချဖို့ရော စဉ်းစားထားလား။
ဖြေ - လက်ရှိကျွန်တော် ဒီကားလေးနဲ့ပဲ နောက်ပိုင်းမှာ တက္ကစီဆွဲသွားဖို့ အစီအစဉ်ရှိပါတယ်။ ထူးထူးခြားခြားအနေနဲ့ ဒီကားလေးနဲ့ဘာလုပ်မလဲဆိုတော့ အဆင်ပြေရင်ပြေသလို ကြုံရင်ကြုံသလို လူတွေကိုကူညီနေမှာပါ။ ဥပမာ ဘယ်လိုမျိုး ကူညီမလဲဆိုရင် နာမကျန်းဖြစ်နေ တာမျိုးတွေ့တဲ့အခါ ပို့ပေးတာမျိုး ၊ အကြောင်းတစ်ခုခုကြောင့် တစ်ခုခုဖြစ်နေတာကို မြင်တွေ့လို့ကူညီဖို့ အခွင့်အရေးရလို့ရှိရင်တော့ ကူညီမှာပါ။
မေး - တကယ်လို့သာ ရတနာထုပ်ပိုင်ရှင်က အကို့ကိုယ် ကားမ၀ယ်ပေးဖြစ်တော့ဘူး စိတ်ပြောင်းသွားတယ်ဆိုရင် အကိုဘာလုပ်မှာလဲ။ နောင်တရမိမှာလား။
ဖြေ - မ၀ယ်ပေးလည်း ဘာမှမဖြစ်ဘူး။ ကျွန်တော်က နဂိုတည်းက မျှော်လင့်ချက်မှမရှိတာ။ ပြီးတော့ ကျွန်တော့်အလုပ်ပဲ ကျွန်တော်ဆက်လုပ်ရမှာပဲလေ ဒီလိုပဲတက္ကစီကားမောင်းမယ် ကားဆွဲမယ် ဒါပဲလုပ်ရမှာပဲ။ နောင်တဆိုတာတော့ ကျွန်တော့်မှာ မရှိပါဘူး။ …(ရယ်လျက်)

No comments:

Post a Comment