Monday, November 28, 2016

ဘောလခဲမြို့နယ်နှင့်ဖရူဆိုမြို့နယ်အတွင်းတရားမ၀င်ယာဉ်နှင့် သစ်များ သိမ်း ဆည်း ရမိ

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းတပ်မတော်စစ်ကြောင်းနှင့် ဌာန ဆိုင်ရာအဖွဲ့များက သတင်းအရ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲခန့်တွင် နန်းဖဲကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၅၀၀၀ ခန့်အကွာ၌ သစ်မာခွဲသားဆိုဒ်စုံ (၁၄ ဒသမ ၈၉ တန်ခန့်) တင်ဆောင် လျက် ဂျီအမ်စီအမျိုးအစား ၁၀ ဘီးယာဉ်တစ်စီးအားလည်းကောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် ဖရူဆိုမြို့နယ်၊ ဒေါသံကျေးရွာ၏မြောက်ဘက် မီတာ ၁၀၀၀ ခန့်၌ ပိတောက်တုံး ၁၉ တုံး (၄ ဒသမ ၀၆ တန်ခန့်)အား လည်းကောင်း ပိုင် ရှင်မဲ့ အသီးသီးသိမ်းဆည်းရမိခဲ့သည်။ အဆိုပါသိမ်းဆည်းရမိယာဉ်နှင့် သစ်များအား ပြည်နယ်သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ပြီးဖြစ်ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment