Friday, November 25, 2016

ရန်ကုန်တွင် ကျပ်သိန်း ၁၀၀ အောက် အိမ်ခန်းများ သန်းနှင့်ချီ တည်ဆောက်ပေးမည်

ရန်ကုန်တိုင်းအတွင်းမှာ ၂နှစ်အတွင်း အိမ်ခန်း ၈၀၀၀ ကို ၅ နှစ်အတွင်း အိမ်ခန်း ၂ သိန်းနဲ့ ၁၅ နှစ်အတွင်း အိမ်ခန်းပေါင်း ၁ သန်း ဖော်ထုတ်လုပ်ဆောင်သွားမယ်လို့ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ မိသားစု ၅ယောက်ခန့် ကောင်းကောင်းနေထိုင်လို့ ရမယ့်အခန်းတွေ အဖြစ်တည်ဆောက်သွား မှာဖြစ်ပြီး ဈေးနှုန်းတွေကိုလည်း သိန်း ၁၀၀ အောက် သတ်မှတ် ရောင်းချသွားမှာဖြစ်ပါတယ်။ေ ရာင်းချတဲ့အခါမှာလည်း အရစ်ကျစနစ်နဲ့ ၈နှစ်တန်စေ ၁၅ နှစ်တန်စေ ပေးချေကြရမှာဖြစ်ပြီး အိမ်ခန်းတွေမှာနေထိုင်သူတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် စီမံလုပ်ဆောင် ပေးမယ်လို့လည်း ဆိုပါတယ်။ နိုဝင်ဘာ ၂၂ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ရေးစည်းဝေးပွဲမှာ အိမ်ခန်းတည်ဆောက်ရေးကိစ္စတွေ ဆွေးနွေးတင်ပြခဲ့တာဖြစ်တယ်လို့ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ကြေးမုံသတင်းစာကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment