Tuesday, November 22, 2016

မူဆယ်နှင့် နမ့်ဖက်ကာတွင် ထိတ်လန့်မှုဖြစ်နေ

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိသည့် မူဆယ်မြို့နှင့် နမ့်ဖက်ကာတို့တွင် ဗုံးသံ သေနတ်သံ များကြောင့် ဒေသခံများ စိုးရိမ် ထိတ်လန့်မှုများဖြစ်ပွားနေရကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။ မူဆယ်မြို့ပေါ်နှင့် မြို့အထွက်ပိုင်းတွင် ယနေ့ညပိုင်း ၉ နာရီနှင့် ၁၁ နာရီအကြားတွင် ဗုံးသံ သေနက်သံများ ကြားသိရလို့ မြို့ခံအချို့ ထိတ်လန့်တုန်လှုပ်နေရပြီး အချို့မှာ တရုတ်နိုင်ငံ ရွှေလီမြို့ဘက်သို့ပင် ကူးပြောင်းသွားကြကြောင်း သတင်းရရှိသည်။ ထို့အပြင် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ် မူဆယ် ၁၀၅ မိုင်နှင့် ကွတ်ခိုင်မြို့အကြားရှိ နမ့်ဖက်ကာ တွင်လည်း တိုက်ပွဲ တနေကုန်ဖြစ်ပွားထားသည့် တိုက်ပွဲ အရှိန်ကြောင့် ဒေသခံတွေ ကြောက်လန့် တုန်လှုပ်နေကြရသည်ဟု ဒေသခံများက ဧရာဝတီသို့ ပြောသည်။ ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဖက်ကာ ဒေသသည် မန္တလေး - မူဆယ် ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ထိုနေရာသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာ့ တပ်မတော်တို့ လှုပ်ရှားလျှက်ရှိသော နေရာဖြစ်သည်။

No comments:

Post a Comment