Friday, November 18, 2016

ဂျပန်-မြန်မာ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံ

ဂျပန်-မြန်မာနှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်း ရှင်များတွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ Park Royalဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကို ဂျပန်နိုင်ငံ Japan Myanmar Association နှင့် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ''ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ အနေဖြင့် မြန်မာနိုင်ငံမှာ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း တွေကအစ အကြီးစားစီးပွားရေးလုပ်ငန်းတွေ ကို လာရောက်ရင်းနှီးမြှုပ် နှံကြရန် ဖိတ်ခေါ်ပါတယ်''ဟု အဆိုပါဆွေးနွေးပွဲတွင်ပြောကြားသည်။ အဆိုပါဆွေးနွေးပွဲတွင် ဂျပန် နိုင်ငံ Japan Myanmar Association မှ ဥက္ကဋ္ဌ Mr. Watanabe Hideo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများ၊ အမြင်များ၊ အတွေ့အကြုံများဖလှယ်၍ စီးပွားရေးမိတ်ဖက်များရှာဖွေနိုင်ရန် နှင့် စီးပွားရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွ က်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Japan-Myanmar Association မှ Chairman Mr. Watanabe Hideo က''ကျွန်တော်တို့ ဂျပန်- မြန်မာအသင်းစဖွဲ့တာ ငါးနှစ်ရှိသွားပါပြီ။ တချို့ဂျပန်နိုင်ငံက ရင်းနှီးမြှုပ် နှံမှုပြုလုပ်တဲ့နေရာမှာ အခက် အခဲ တွေရှိနေပါသေးတယ်။ အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ အိမ်ခြံမြေ ကိစ္စတွေပေါ့။ ဂျပန်စီးပွားရေးပညာ ရှင်တွေရင်းနှီးမြှုပ်နှံတဲ့နေရာမှာ အိမ်ခြံမြေငှားတဲ့ကိစ္စတွေပါတယ်။ ငှားတဲ့နေရာမှာ အငှားစာချုပ်ကို Register လုပ်ဖို့အတွက် လုပ်လို့မရတဲ့ သာဓကတွေတွေ့ရပါတယ်။အဲဒါ တွေကိုပြုလုပ်ပေးဖို့လိုတယ်''ဟု ဆွေး နွေးပွဲတွင်ပြောသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုသည် ၂ဝ၁၆ ခုနှစ် စက် တင်ဘာ အကုန်ထိ လုပ်ငန်းပေါင်း ၇၂ ခုဆောင်ရွက် နေပြီး နောက်ထပ်လုပ်ငန်းပေါင်း ၁၁ ခုလုပ်ကိုင်ရန် ခွင့်ပြုချက်ပေး ထားကြောင်းသိရသည်။
WYHW, TNO

No comments:

Post a Comment