Wednesday, November 23, 2016

ဒီဇင်ဘာအားလပ်ရက် ရာသီများအတွင်း ဥရောပတစ်လွှား အကြမ်းဖက်တိုက်ခိုက် ခံရမှုများရှိနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးရုံးက ကြေညာထား

အမေရိကန်နိုင်ငံရေးဝန်ကြီးရုံး က ဥရောပနိုင်ငံများ၌ အမေရိကန် နိုင်ငံ အကြမ်းဖက်တိုက်ခိုက်ခံရနိုင် ဖွယ်ရှိ၍ အထူးသဖြင့် ဒီဇင်ဘာအားလပ်ရက်ရာသီတွင် အထူးသတိပြု သွားလာနေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်လိုက်သည်ဟု နိုဝင်ဘာ ၂၂ ရက်သတင်းများအရ သိရှိရသည်။ အမေရိကန်နိုင်ငံသားများအနေနှင့် အားလပ်ရက်ပွဲတော်များ၊ အခမ်းအနားများ ပြုလုပ်ခြင်းနှင့် ဈေးဝယ်ထွက်ခြင်းများ၌ သတိပြုဆောင်ရွက်သင့်ကြောင်း၊ အစ္စလာမ္မစ်အဖွဲ့ အယ်လ်ခိုင်ဒါနှင့် ဆက်စပ်အကြမ်း ဖက်အဖွဲ့များ ဥရောပတွင် အကြမ်း ဖက်တိုက်ခိုက်မှုပြုလုပ်မည်ကို ခိုင်လုံသော သတင်းများရရှိထားကြောင်း ကြေညာချက်တွင် ဖော်ပြသတိပေး ထားသည်။ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီနှင့် တူရကီနိုင်ငံများတွင် ယမန် နှစ်က အကြမ်းဖက်တိုက်ခိုက်မှုများ ခံခဲ့ရပြီး ဥရောပတွင်လည်း တိုက်ခိုက် မည့် ကြံရွယ်ချက်များရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံး ကြေညာချက်တွင် ပါရှိထားသည်။ ခရီးသွားများအားလည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အထိ အကြမ်း ဖက်အန္တရာယ်များရှိနိုင်ကြောင်း သတိ ပေးနှိုးဆော်ထားသည်။
Ref:Reuters

No comments:

Post a Comment