Thursday, November 17, 2016

မြန်မာဆန်နဲ့ မြစ်ဆုံရေကာတာစီမံကိန်း ဆက်စပ် နေသလား …

မြန်မာဆန်တွေ တရုတ်နိုင်ငံထဲကို ဝင်လို့မရအောင် အရင်သယ်နေတဲ့လမ်းကြောင်းမှာ တိုင်စိုက်ပြီး ခြံကာပြီး ကြပ်ကြပ်မတ်မတ် တား မြစ်ထားပါတယ်။ မြန်မာဆန်ကို တရုတ်နိုင်ငံကို တရားဝင်တင်ပို့ နိုင်ဖို့ တရုတ်အစိုးရရဲ့တာဝန်ရှိသူတွေ မြန်မာနိုင်ငံမှာ လာရောက်လေ့လာပြီး ပြင်ဆင်သင့်တာကို ပြင်ဆင်ဖို့လည်း ညွှန်ကြားသွားခဲ့ပေမယ့် အခုအချိန်အထိ တရားဝင် မဝယ်တဲ့အပြင် တားမြစ်တာကို ပိုမိုလုပ်လာတာကို တွေ့ ရပါတယ်။မြန်နိုင်ငံက ဆန်ကိုတားမြစ်ထားပေမယ့် တရုတ်ပြည်တွင်းလိုအပ်တဲ့ဆန်ကို ထိုင်းကတန်ချိန် ၁ သန်းဝယ်ဖို့ တရုတ်အစိုးရနဲ့ ထိုင်းအစိုးရတို့ဂျီတူဂျီ သဘောတူထားပြီး ထိုင်းကတစ်လကို တန်ချိန် တစ်သိန်းပို့နေပြီ ဖြစ်ပါတယ်။



မြန်မာ့ဆန်ကို တရုတ်အစိုးရက တားမြစ်ရတဲ့ အကြောင်းခံကို လေ့လာမိတော့ ပြီးခဲ့တဲ့ အစိုးရ သမ္မတ ဦးသိန်းစိန်ရဲ့အကြံပေးအရာရှိတစ်ဦးရဲ့ အလွတ်သဘော ပြောပြချက်ကို သတိရမိပါတယ်။ တရုတ်နိုင်ငံက တည်ဆောက်နေတဲ့ မြစ်ဆုံရေကာတာ လျှပ်စစ်စီမံကိန်း ကို မြန်မာနိုင်ငံက ရပ်ဆိုင်းလိုက်တဲ့ အပေါ် တရုတ်အစိုးရက အတော် လေး အမျက်ထွက်နေတယ်။ မြန် မာလို နိုင်ငံသေးသေးလေးက အာ ခံပြီး စီမံကိန်းကိုရပ်လိုက်တဲ့ အ ပေါ် မကျေမနပ်ဖြစ်နေတယ်လို့ ပြောဖူးပါတယ်။ ပြောပြတုန်းက တော့ ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ မှတ်ချက်ချမိပါတယ်။ ဒါပေမယ့်လည်း သဘာဝဓာတ်ငွေ့ကို မြန်မာ နိုင်ငံကနေ ရနေတယ်။ ရေနံပိုက် လိုင်းလည်း မြန်မာနိုင်ငံက ဖြတ် ခွင့် ပြုထားတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံ ကိန်းလည်း ပေးထားတယ်။ ကြေး နီသတ္တုတူးဖော်ရေး လုပ်ငန်း၊ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း စတာတွေ လုပ်ခွင့်ရတာအပြင် တရုတ်ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံ ထဲ အများအပြား စီးဆင်းနေတယ် စတဲ့ တခြားစီးပွားရေးအကျိုးအ မြတ်တွေလည်း ရနေတဲ့အတွက် မြစ်ဆုံရေကာစီမံကိန်းကို အလွန် အမင်းအမျက်ထွက်စရာ မရှိလောက်ဘူးလို့ ယူဆမိပါတယ်။

တချို့ ဆန်စပါး ကုန်သည်တွေ ပြောသလို တရုတ်က စပါးစိုက် တောင်သူတွေရဲ့စပါးဈေးကျမှာစိုးလို့ တရုတ်အစိုးရက အကာအ ကွယ်ပေးဖို့ မြန်မာဆန်တွေ အဝင် မခံဘဲ တားမြစ်ထားတယ်ဆိုတာ မဟုတ်ပါ။ တရုတ်နိုင်ငံကို စိုက်ပျိုး ရေး၊ လေ့လာရေးခရီးသွားခဲ့ ထိုင်း တောင်သူတစ်ဦးရဲ့ ပြောပြချက် အရသိရတာက တရုတ်နိုင်ငံက တောင်သူတစ်ဦးကို စားဖို့အတွက် စပါးတစ်ဧကနီးပါးပဲ အစိုးရက စိုက်ခွင့် ပေးထားပါတယ်။ ဘာ ကြောင့်ဆိုတော့ စပါးက အမြတ် အစွန်းနည်းပြီး စွန့် စားမှုများတယ်။ အစိုးရက ထောက်ပံ့သလောက် မလောက်နိုင်ဘူး။ ဒါကြောင့် စပါး ပေးမစိုက်ဘဲ ဝင်ငွေကောင်းတဲ့ သီးနှံကို စိုက်ခိုင်းတာဖြစ်တယ်။ ပြည်တွင်း လိုအပ်တဲ့ဆန်ကို ထိုင်း၊ မြန်မာ၊ လာအိုနဲ့ဗီယက်နမ်တို့က ဝယ်ယူလို့ ရနေတာကြောင့်လည်း ဖြစ်တယ်။

မြန်မာ့ဆန်ကို တရုတ်အစိုး ရက ကြပ်ကြပ်မတ်မတ်ပိတ်ပင် လာတာဟာ ၂ဝ၁၅ ရွေးကောက်ပွဲ ကာလက စတင်ခဲ့တာဖြစ်တယ်။ တရုတ်နိုင်ငံကို မြန်မာ့ဆန်တင် သွင်းတာကို ပိတ်လိုက်ရင် မြန်မာ နိုင်ငံမှာ တောင်သူတွေ အခက်အ ခဲရှိလာမယ်။ နောက်တစ်ချက် တရုတ်မြန်မာနယ်စပ်က စစ်ရေး တင်းမာမှုတွေလည်း ရှိပါသေး တယ်။ လူတိုင်းသိတဲ့ကိစ္စမို့လို့ အသေးစိတ် ပြောစရာမလိုတော့ ပါ။ အဲ့ဒီ အခြေအနေတွေက မြန် မာအစိုးရအပေါ် ဖိအားဖြစ်လာရင် တရုတ်အစိုးရနဲ့ သွားရောက်ဆွေး နွေးရမယ်။ အဲ့ဒီအခါမှာ မြစ်ဆုံစီမံ ကိန်းကို ပြန်လည်ရရှိဖို့တရုတ် အစိုးရ အပေးအယူလုပ်ဖို့ ကြိုးစား မယ်လို့မြင်မိပါတယ်။

ဘာကြောင့် ဒီလိုပြောနိုင် သလဲဆိုတော့ မြန်မာအစိုးရ တာ ဝန်ရှိသူတွေကိုရော နိုင်ငံရေးပါတီ အတော်များများက တာဝန်ရှိသူ တွေကို ချစ်ကြည်ရေး ခရီးစဉ်အ ဖြစ် တရုတ်နိုင်ငံကို ဖိတ်ခေါ်တဲ့ အခါတိုင်းမှာ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်လုပ်ဆောင် ခွင့်ရဖို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ အခုအချိန်အထိ ပြန်လည်လုပ်ခွင့်ရဖို့ အရိပ်အ ရောင် မတွေ့ သေးသလို မြန်မာ ပြည်သူတွေကလည်း မြစ်ဆုံစီမံ ကိန်းကို လုပ်ခွင့်ပြုဖို့ လုံးဝမရှိ လာနိုင်ဘူး။မြစ်ဆုံရေကာတာ လျှပ်စစ် စီမံကိန်းက တရုတ်အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတော့ ကမ္ဘာမှာ သြဇာကြီးမားတဲ့နိုင်ငံအဖြစ် တည်ဆောက်နေတဲ့ တရုတ် နိုင်ငံကို မြန်မာလို နိုင်ငံငယ်က အာခံနိုင်တာဟာ မျက်နှာပျက်စရာ ဖြစ်သလို မြစ်ဆုံစီမံကိန်းကရရှိမယ့် လျှပ်စစ်မီး ၈ဝ ရာခိုင်နှုန်းက တရုတ်နိုင်ငံအတွက်ဖြစ်လို့ အနာ ဂတ်စွမ်းအင်လုံခြုံရေးအတွက် ကလည်း တရုတ်အတွက်အရေး ကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။ဒီနေရာမှာ အလျဉ်းသင့်လို့ စပါးအကြောင်းကို ပြောရမယ်ဆို ရင် စပါးစိုက်တာ တောင်သူတွေအတွက် တွက်ခြေမကိုက်သလို နိုင်ငံတော် အတွက်လည်းအရှုံးပေါ် ပါတယ်။ စပါးက စိုက်ပျိုးစရိတ် သွင်းအားစုက ၈ဝ ရာခိုင်နှုန်း လောက် ကုန်တယ်။ တောင်သူတွေ က သူတို့လုပ်အားခပါပေါင်းမှ ၂ဝ ရာခိုင်နှုန်းလောက်ရတယ်။ ရာသီ ဥတုဖောက်ပြန်လို့အရှုံးပေါ်တော့ တောင်သူတွေ ၁ဝဝ ရာခိုင်နှုန်း ခံရတယ်။ တစ်နှစ်ပျက်စီးရင် ၃နှစ် အြေ<ွကးဆပ်လို့ မကျေဘူးဆိုတာ ဟာ ၃ဝ ရာခိုင်နှုန်းတောင် မမြတ် ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ အခုပြောတဲ့ သွင်းအားစု ၈ဝ ရာခိုင် နှုန်းထဲမှာ ရေဖိုးမပါသေးပါဘူး။ ရေက အလကားမရပါ။ နိုင်ငံ တော်က တည်ဆောက်ပေးရတဲ့ ရေကာတာကုန်ကျစရိတ် ဝန်ထမ်း လစာတွေထည့်ပေါင်းလိုက်ရင် စပါး၊ ပဲ၊ နှမ်း၊ ပြောင်းစိုက်တာဟာ လုံးဝအရှုံးဖြစ်ပါတယ်။ နိုင်ငံခြား ကိုရောင်းရလို့ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရသလားဆိုတော့ လည်းမရပါ။ စပါး၊ ပဲ၊ နှမ်း၊ ပြောင်းစိုက်ဖို့စက်ပစ္စည်း မြေသြဇာ လောင်စာဆီတွေ ပြန်သွင်းရတာ ငွေက ပိုများပါတယ်။ စပါးစိုက် တောင်သူရောနိုင်ငံတော်ပါအကျိုး မရှိပေမယ့် ဆန်ကုန်သည်၊ မြေသြ ဇာနဲ့ ပိုးသတ်ဆေး ရောင်းသူတွေ ကသာ ချမ်းသာနေပါတယ်။ ဒါကြောင့်လည်း ဆန်စပါးအထွက် တိုးအောင်စိုက်ဖို့ တရုတ်အစိုးရကို မြန်မာအစိုးရက သွားရောက်ဆွေး နွေးဖို့ ဆန်ကုန်သည်တွေ တိုက် တွန်းနေတာကို တွေ့ရပါတယ်။

စပါး တစ်ဧကစိုက်ရင် စိုက် စရိတ်အနည်းဆုံး ကျပ် ၂ သိန်း ကုန်တယ်လို့ တောင်သူတွေပြော ကြပါတယ်။ မြန်မာနိုင်ငံမှာ မိုး စပါး၊ နွေစပါး စုစုပေါင်းစိုက်ဧက သန်း ၂ဝ ခန့် ရှိပါတယ်။ စိုက်စရိတ် အားလုံးပေါင်းလိုက်ရင် တစ်နှစ်ကို သန်းပေါင်း ၄ သန်းကုန်ကျပါတယ်။ ဆည်မြောင်းရေကာတာ ဆောက် လုပ်ခ ဝန်ထမ်းလစာ အစရှိတဲ့ စရိတ်ကိုအတိအကျအချက်အလက် စုပေါင်းထုတ်ပြန်ထားတာကို မတွေ့ဖူးပေမယ့် အနည်းဆုံး သန်း ပေါင်း ၆ သန်းထက်တော့ နည်း မယ်မထင်ပါဘူး။ အဲ့ဒီငွေတွေ အားလုံးပေါင်းလိုက်ရင် သန်းပေါင်း ၁ဝ သန်းကျော်ရှိပါတယ်။ အဲ့ဒီ ငွေအားလုံးကို ရန်ပုံငွေတစ်ခု အဖြစ်တည်ထောင်ပြီး အမြတ်များ တဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလို့ ပဲဖြစ်ဖြစ်၊ အတိုးများများရတဲ့ ဘဏ်တစ်ခုခုမှာအပ်နှံပြီး ဘဏ် တိုးရယူပြီးတော့ပဲဖြစ်ဖြစ် လုပ် ဆောင်မယ်ဆိုရင် အခု စပါးစိုက် နေတာထက် အမြတ်ပိုများပါမယ်။ စွန့်စားမှုပိုနည်းမယ်။ စပါးဝယ် စားရင်တောင် တွက်ခြေကိုက်ပါ မယ်။

ဆန်စားတဲ့နိုင်ငံက စပါးမစိုက် ရင်ဖြစ်မလားလို့ စောဒကတက်သူ တွေ ရှိပါတယ်။ တကယ်ကို နိုင်ငံ တော်အတွက် မဖြစ်မနေ လိုအပ် ရင်
စပါးတကယ်ဖြစ်ထွန်းတဲ့ နေရာက တောင်သူတွေကို စိုက် ခိုင်းပါ။ အစိုးရက စရိတ်အလုံအ လောက် ထောက်ပံ့ပေးပါ။ ထွက် လာတဲ့စပါးကို တောင်သူတွေ အမြတ်ရနိုင်တဲ့ဈေးနဲ့ အစိုးရက ပြန်ဝယ်ပေးပါ။ သဘာဝဘေးဒဏ် ကြောင့် ပျက်စီးခဲ့မယ်ဆိုရင် နိုင်ငံ တော်က အကုန်အကျခံပေးပါ။ ဒီ တော့မှ ကျေးဇူးရှင် တောင်သူတွေ ကို ကျေးဇူးဆပ်ရာရောက်ပါမယ်။ ဒါကြောင့် အရှုံးပေါ်တဲ့ စပါးကို ဆက်စိုက်ပြီး မြစ်ဆုံရေကာတာနဲ့ အပေးအယူလုပ်မယ့်အထိ တရုတ်နဲ့ ဆွေးနွေးမလား၊ ဒါမှမဟုတ်တွက် ခြေကိုက်တာကိုစိုက်ပြီး စပါး လယ်မြေစိုက်ခင်းဧကကို လျှော့ချ မလားဆိုတာက မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချမှတ်ဖို့ အချိန်သင့် ပြီလို့ ပြောရမှာဖြစ်ပါတယ်။

ဝင်းမြင့် (IQWin)

No comments:

Post a Comment