Saturday, November 19, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာရှနှင့် ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံဆိုင်ရာသံ အမတ်ကြီး များနှင့် တွေ့ဆုံ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားဒီမိုကရက် တစ်ပြည်သူ့သမ္မတနိုင်ငံ၊ လစ်သူယေး နီးယားနိုင်ငံ၊ ခရိုအေးရှားနိုင်ငံနှင့် ဘူတန်နိုင်ငံတို့မှ သံအမတ်ကြီးများအား ယနေ့ နံနက် ပိုင်းတွင် ပြည်ထောင်စု ၀န်ကြီး၏ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက် တစ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာ ဂျုံဟိုဘွန်အား နံနက် ၁၀ နာရီတွင် လည်းကောင်း၊ လစ်သူယေးနီးယားနိုင်ငံ သံအမတ်ကြီး မစ္စ အီနာမာစီယိုလီယိုညက်အား နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် လည်းကောင်း၊ ခရိုအေးရှားနိုင်ငံ သံအမတ်ကြီး မစ္စတာ ခရက်ဆိုဂလာဗာ့(ဂ်ျ) အား ၁၀ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ ဗန်ကောက်မြို့အခြေစိုက် ဘူတန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ရှီဝမ်ချိုဖယ်လ် ဒိုဂျီ အား နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လည်းကောင်း သီးခြားစီ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ တွေ့ဆုံပွဲများသို့ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။


No comments:

Post a Comment