Tuesday, November 22, 2016

လန်ဒန်မြို့ ၌ ဗောက်ဝက်ဂွန် ကားများ ထူထပ်ပြွတ်သိပ် ကျပ်နေခြင်းအတွက် လန်ဒန်မြို့ တော်ဝန်က ကားကုမ္ပဏီကို ဒဏ်ငွေ ၃.၁ သန်းပေးဆောင် ရန် တောင်းဆို

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ တော်ဝန် Sadq Khan က လန်ဒန်မြို့ တော်၌ ဗောက်ဝက်ဂွန်းကားများ ထူထပ်ပြွတ်ကြပ်နေခြင်းအတွက် ဂျာမနီနိုင်ငံ၏ ဗောက်ဝက်ဂွန်ကားကုမ္ပဏီအား ဒဏ်ကြေးငွေ စတာလင်ပေါင် ၂.၅ သန်း ( အမေရိကန်ဒေါ်လာ ၃.၀၉ သန်း) ပေးဆောင်ရန် နိုဝင်ဘာလ ၂ဝ ရက်က တောင်းဆိုလိုက်ကြောင်း သိရသည်။ အဆိုပါ နစ်နာကြေးတောင်းဆိုရခြင်းနှင့်ပတ်သက်၍ Khan က လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ရှင်းပြရာတွင် ယာဉ်ကြော ထူထပ်ပြွတ်ကြပ်ရခြင်းမှာ ဗောက်ဝက်ဂွန်းကားတွင် တပ်ဆင်ထားသော ကိရိယာက မှားယွင်းသော အချက်အလက်များကိုဖ တ်မှတ်နေခြင်းကြောင့် ဖြစ်ကြောင်းဆိုထားသည်။ ဗောက်ဝက်ဂွန် မော်တော်ယာဉ် အစီးပေါင်း ၈ဝ,ဝဝဝ ကျော်တွင် တပ်ဆင်ထားသော အချက်အလက်ပြ ကိရိယာများသည် လန်ဒန်မြို့ ၌ မှတ်ပုံတင်ထားကြောင်း မြို့ တော်ဝန်က ဆိုသည်။ အဆိုပါ ကိရိယာသည် အင်ဂျင်စတင်လည်ပတ်ချိန်တွင် အချက်အလက်များကို ရှာဖွေပေးခြင်း ၊ ရလဒ်ကို မြှင့်တင်ပေးရန် စွမ်းဆောင်ရေ ကို ပြောင်း လဲပေးခြင်း များလုပ်ဆောင်နေခြင်းသည် မော်တော်ယာဉ်သမိုင်းတွင် အကြီးမားဆုံး လှည့်ဖြားသည့်အကြောင်းချင်းအရာတစ်ခုဖြစ်ကြောင်း မြို့ တော်ဝန်က ဆိုသည် Xinhua

No comments:

Post a Comment