Friday, November 25, 2016

တရုတ်နှင့် ထိုင်းထုတ် စားသုံးရန် မသင့်သည့် စားသောက်ကုန်များကို မစားကြရန် ပညာပေး

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ မြို့မဈေးကြီးအတွင်း ယနေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက် ၉ နာရီခန့်က တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ထုတ်လုပ်သော စားသုံးရန် မသင့်သည့် စားသောက်ကုန်များ မရောင်းချရန်နှင့် စားသုံးခြင်း မပြုရန် စားသုံးသူရေးရာ ဦးစီးဌာနမှ အသိပညာပေး ဟောပြောနေသည်။ အဆိုပါ အသိပညာပေး ဟောပွဲကို ကျိုင်းတုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် လူငယ်ကွန်ရက်တို့ ပူးပေါင်း၍ သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောကြားသည်။ စားသုံးရန် မသင့်သည့် စားသောက်ကုန် ပစ္စည်းများကို ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန် အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုများနှင့် ဈေးသူဈေးသားများကို ပုံမှန်အသိပညာပေး ဟောပြောနေကြောင်း ၎င်းက ဆိုသည်။  - ရန်နိုင်

No comments:

Post a Comment