Sunday, November 27, 2016

အို . . . မြောက်ပိုင်းလမ်း မူဆယ်-လားရှိုးလမ်း

မူဆယ် တက်လာလို့ ရပြီလားဗျ။ လမ်းအခြေအနေလေး ပြောပါဦးဗျ’’ မူဆယ်သို့ လာချင်သော်လည်း လုံခြုံရေးအခြေအနေကို စိတ်မချ၍ မလာရဲသေးသောကုန်တင်ယာဉ်မောင်း ကိုဖြိုးက ဘ၀ တူယာဉ်မောင်းချင်း သတင်းဖလှယ်ရာ ရန်ကုန်- မန္တလေး-မူဆယ် ကုန်တင်ကားကြီးများ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွင် ရေးသားသတင်းမေးမြန်းထားခြင်းဖြစ်သည်။ ကုန်တင်ယာဉ်မောင်းတစ် ဦးက ‘‘အသက်အပိုဆောင်လာခဲ့ ပေါ့’’ဟု ရေးသားကာ ကားခေါင်း ခန်းတွင် ယာဉ်မောင်းတစ်ဦး ဦး ခေါင်း၌ သေနတ်ကျည်မှန်၍ သေ ဆုံးနေပုံဖြင့် မှတ်ချက်ပေးဖြေလေ သည်။ေ နာက်ထပ် ယာဉ်မောင်း တစ်ဦးကလည်း ‘‘အိမ်မှာနေတာ အကောင်းဆုံးပဲ’’ဟု မှတ်ချက်ပြု ပြန်သည်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်ကို လက်နက်ကိုင်အဖွဲ့ လေးဖွဲ့၏ ပူးပေါင်းအဖွဲ့က တိုက် ခိုက်ခဲ့သည့် နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အတွင်း ပြည်ထောင်စု လမ်းမကြီး၏ မူဆယ်နှင့် ကွတ်ခိုင် လမ်းပိုင်းတွင် လက်နက်ကိုင် အဖွဲ့များက တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။



နိုဝင်ဘာ ၂၁ ရက်က ယာဉ် မောင်းတစ်ဦးသေဆုံးပြီး နိုဝင်ဘာ ၂၄ ရက်တွင် ယာဉ်နောက်လိုက် တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးခေါင်းသေနတ်ဒဏ်ရာ ဖြင့် သွေးအိုင်ထဲလဲနေသည့် သေ ဆုံးသူနှစ်ဦး၏ သွေးအလိမ်းလိမ်း ပေကျံနေသော ဓာတ်ပုံမှာ မြင်ရသူအပေါင်းကို ၀မ်းနည်းတုန်လှုပ်စေခဲ့သည်။

KIA၊TNLA နှင့် MNDAA ပူးပေါင်းလက်နက်ကိုင်အဖွဲ့များ ၏ လက်ချက်ဖြင့် သေဆုံးခြင်းဖြစ် ပြီး ကားများလည်း ဖျက်ဆီးခံခဲ့ရ သည်။ လမ်းအသုံးပြုသူ ခရီးသည် နှင့် ယာဉ်မောင်းသူများအတွက် ၅၄ မိုင်သာ ရှည်သည့် ကွတ်ခိုင်- မူဆယ်လမ်းပိုင်းသည် အသက် နှင့်ရင်း၍ စိုးတထိတ်ထိတ်ဖြတ် သန်းရသော ခယောင်းလမ်းဖြစ် နေသည်။

‘‘ငါတော့ မူဆယ်အထိ ရောက်လာပြီ။ လမ်းတောက် လျှောက်မှာ ရသမျှဂါထာရွတ်လာ တာ’’ဟု အန္တရာယ်ဇုန်ကို ကျော် လာနိုင်ခဲ့ကာ မူဆယ်မြို့သို့ နိုဝင် ဘာ ၂၅ ရက်က ရောက်လာခဲ့ သော ကုန်တင်ယာဉ်မောင်း ကိုကျော်ဆန်းက သူ့အပေါင်းအ သင်းများကို သုန်မှုန်နေသာ မျက် နှာအမူအရာဖြင့် ပြောပြနေခြင်း ဖြစ်သည်။

လမ်းတွင် လက်နက်ကိုင်အ ဖွဲ့များ၏ တားဆီးမှုခံရပြီး ဖုန်းကို တောင်းယူသွားကြောင်း ကိုကျော် ဆန်းက ပြောသည်။ ယင်းနေ့တွင် ပင် ကွတ်ခိုင်-မူဆယ်ကြား နမ့် ဖတ်လွန်ရွာအနီးတွင် လက်နက် ကိုင်အဖွဲ့များက ကားသုံးစီးကို ဗုံး ခွဲကာ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသော ကိုကျော်ဆန်းက သူကိုယ်တိုင် မူဆယ်သို့ ရောက်လာနိုင်သော် လည်း မရောက်လာသေးသော ဘ၀တူ ညီနောင်ကားသမားများ အတွက် စိတ်ပူနေသည်။

ကိုကျော်ဆန်းက ‘‘ကျွန် တော်တို့ နောက်မှာ မိသားစုရှိ တယ်။ ကျွန်တော်တို့ အလုပ် ကျွန် တော်တို့လုပ်နေတာပါ။ ကျွန် တော်တို့တွေက လက်နက်ကိုင် ထားသူတွေမဟုတ်တဲ့အတွက် ကျွန်တော်တို့ ကားသမားနဲ့ ခရီး သည်တွေကို ရန်မပြုဖို့ မေတ္တာရပ် ခံချင်ပါတယ်’’ဟု ပြောကြား သည်။

၁၁၃ မိုင်ရှိ လားရှိုး-မူဆယ် လမ်းပိုင်း အခြေအနေကြောင့် ကားများ ၀င်ရောက်မှု နည်းသွားသကဲ့သို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အလုပ်မလုပ်နိုင်ခြင်းသည် နိုင်ငံတော်နှင့် မူဆယ်ဒေသစီးပွားရေးကို အထိနာစေကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းရေးမှူး ဦးထွန်းထွန်းဦးက ပြောသည်။

မြန်မာနယ်စပ်ဂိတ်အားလုံး ၏ ၇၀ ရာခိုင်နှုန်းကျော်အထိ ကုန် သွယ်နေသော မူဆယ်လမ်း ကြောင်းမှ နိုင်ငံတော်အတွက် နေ့ စဉ် အခွန်ငွေမည်မျှရကြောင်း ထုတ်ဖော်မပြောသော်လည်း နိုင်ငံ တော်အတွက် နစ်နာမှုရှိသည်ကို ဦးထွန်းထွန်းဦးက ဆက်လက် ပြောကြားသည်။

ဝန်ထမ်းနှင့် ကုန်သည်အ သိုင်းအ၀ိုင်းမှ သတင်းစကားများ အရ နိုင်ငံ့ဝန်ထမ်းများအား လစာ ငွေပေးချေရာတွင် မူဆယ်လမ်း ကြောင်းမှရသော အခွန်ငွေကို အ များဆုံးအသုံးပြုနေကြောင်း သိရ ပြီး လမ်းလုံခြုံရေးအတွက် အစိုးရ က ဦးစားပေးလုပ်ဆောင်စေလို ကြောင်း စိုးရိမ်နေသည့် ယာဉ် မောင်းများက တောင်းဆိုသည်။

မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် ထွန်းကလည်း လမ်းပိုင်းလုံခြုံရေး ဦးစားပေးဆောင်ရွက်မည်ဟု ဆို သည်။ အဓိက ခြိမ်းခြောက်ခံနေရ သော ၅၄ မိုင်ရှည်လျားသော မူဆယ်-ကွတ်ခိုင် လမ်းပိုင်းတွင် တပ်မတော်က လုံခြုံရေး တာဝန်ယူထားသော်လည်း တံတားနေရာများ၌ အဓိကစောင့် ကြပ်နေရပြီး လက်နက်ကိုင်အဖွဲ့များက အလစ်အငိုက်တိုက်ခိုက်နေခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၅ ရက်တွင် မူဆယ်ဒေသလုံခြုံရေးအတွက် မြို့ခံများ သိသာစေသော အင် အားတိုးမြှင့်မှုမျိုးကို တပ်မတော်က လုပ်ဆောင်ခဲ့သည်။

တပ်မတော် ရဟတ်ယာဉ် ငါးစီးထက်မနည်း မူဆယ်သို့ ရောက်ရှိလာကာ လက်နက်ခဲ ယမ်းများနှင့် တပ်ဖွဲ့ဝင်အင်အား များစွာ တိုးမြှင့်ခဲ့သည်။ ဦးထွန်း ထွန်းဦးက လမ်းလုံခြုံရေးနှင့် ကုန် သွယ်ရေးအတွက် နောက်ဆက် တွဲ ပြဿနာများမဖြစ်စေရန် လုံ ခြုံရေးကဏ္ဍ အဓိက အရေးပါနေ ပြီဖြစ်ကြောင်း မှတ်ချက်ပြုသည်။

လက်နက်ကိုင်အဖွဲ့များက လူထုအနေဖြင့် ရှမ်းမြောက်ဒေသ သို့ ခရီးသွားလာခြင်းမပြုရန်နှင့် တိုက်ခိုက်မှုများအတွင်း အရပ် သား ပြည်သူများ၏ အကျိုးစီးပွား ကို ထိခိုက်မှုမရှိအောင် ဆောင် ရွက်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသော်လည်း လက် တွေ့မြေပြင်တွင် အရပ်သားများ အသတ်ခံရမှုနှင့် ကားမီးရှို့ ဖျက် ဆီးခံရခြင်း၊ ဖုန်းသိမ်းယူခြင်းကဲ့ သို့ အကျိုးစီးပွားထိပါးမှုများ ဆက်တိုက်လုပ်ဆောင်နေသည် ဟု ရှမ်းမြောက်ဒေသခံ အများစု က ဝေဖန်သည်။

မူဆယ်-ကွတ်ခိုင်လမ်းပိုင်း တွင် တိုက်ပွဲစတင်ဖြစ်ပွားစဉ်က တည်းက မြေပြင်သတင်းများကို နေ့စဉ်လိုက်နေသော ဒေသခံ သတင်းထောက်တစ်ဦးက အ ကြောင်းအမျိုးမျိုးဖြင့် မူဆယ်- ကွတ်ခိုင်လမ်းကို သွားရသူများအ နေဖြင့် လက်နက်ကိုင်အဖွဲ့များက တားဆီးလျှင် ရပ်ပေးရန်နှင့် အ ကြောက်လွန်ကာ ထွက်ပြေးပါက မသင်္ကာဖြစ်၍ ပစ်ခတ်ခံရနိုင် ကြောင်း အကြံပြုသည်။

လက်နက်ကိုင်အဖွဲ့များ၏ အထာကိုနပ်သော ခရီးသွားအချို့ကလည်း အခက်အခဲအကျပ်အတည်းကြုံရသည့်တိုင် ဖြတ်ထိုး ဉာဏ်ကို အသုံးချ၍ ဖြတ်ကျော် လာနိုင်ခဲ့သည်။ တစ်ကြိမ်တွင် ယာဉ်တန်းအား တားဆီး၍ ဖုန်း များ တောင်းယူသောအခါ လက် ကိုင်ဖုန်းအရွယ်ခန့်ရှိသော ဖုန်း အားသွင်းသည့် ပါဝါဘန့်ကို ပေး လိုက်ရာ ဖုန်းအထင်ဖြင့်ယူသွား ကြောင်း ယင်းအကြောင်းကို သိ သည့် မူဆယ်မြို့ခံတစ်ဦးက ဟာ သနှောကာ ပြောပြသည်။

‘‘တချို့က ဘာမှမသိဘူးဗျ။ လုပ်ခိုင်းလို့သာ လုပ်နေကြတာ ထင်တယ်။ နောက်ပြီးသူတို့လည်း သုံးချင်လို့ သိမ်းတာရှိသလို သူတို့ ကို သတင်းပေးမှာစိုးလို့ သိမ်းတာ မျိုးလည်းရှိတယ်။ ဒီကာလမှာ တော့ အတော်သတိထားပြီး အရဲ မစွန့်ဖို့လည်း လိုမယ်’’ဟု မူဆယ် မြို့ခံဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လမ်းများအသုံးပြုကာ ကားပေါ်တွင်သာ အချိန်ကုန်ဆုံးရင်းမိသားစု စားဝတ်နေရေး ဖြေရှင်းနေသော ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအကြား ရှမ်းတိုင်းရင်းသား နာမည်ကြီးအဆိုတော် စိုင်းဆိုင်မော့ဝ်၏ မူဆယ်လမ်းအကြောင်း ဖွဲ့ဆိုထားသော သီချင်းကို ဟာသနှောကာ စာသားဖြည့် ဆိုထားသော သီချင်းတစ်ပုဒ်က ယခုရက်ပိုင်းရေပန်းစားနေသည်။

‘‘ဝေသီခေါင်အောင် မြင့်မား တဲ့မြေ ××× တောင်ပေါ်လမ်းက ဗုံးများပေါက်နေ ××× ကြုံဆုံလို့ တစ်ခေါက် ပိတ်မိတာ ××× ချယ်ရီမြေ ယမ်းငွေ့များ ဖုံးနေ ××× မူဆယ်လမ်း ကားလေးနဲ့ လှမ်းကာလေ ××× သူပုန်တွေ ဆက်ကြေးများကောက်တယ် လေ ××× နိုဝင်ဘာမို့ မြူနှင်းများ ဝေ ××× မူဆယ်နားက ရှမ်း ခေါက်ဆွဲလေ ××× ကျွန်တော် လေ သွားစားမလို့ စိတ်ကူးမိတာ ××× ဖော်ရွေတဲ့ ရှမ်းမလေး ပြေး နေ ××× ဒီခေါက်ဆွဲ စားမလို့ပဲ သွားတာပါ ××× ကျည်ဆန်လေး ခေါင်းနံဘေးက ဖြတ်ကာလာ ××× ကျည်ဆန်တွေ ပလူပျံလာ တော့ အကြည့်ချင်းဆုံ မျက်လုံး ချင်း စိုးထိတ်ကြောက်နေတယ် ××× အချိန်တန်ရင်တော့ မြေပြန့်လို အမြန်ငြိမ်းချမ်းဖို့ ဆုတောင်းနေတယ်’’ဟု လားရှိုး-မူဆယ်လမ်းပိုင်း မဖြစ်မနေ အသုံးပြုနေသော ယာဉ်မောင်းတစ်ဦးက လတ်တလောရင်ဆိုင်နေရသည့် အကျပ်အတည်းအတွက် ယခုကဲ့သို့ မေတ္တာရပ်ခံသည်။

‘‘တိုင်းရင်းသား ညီအစ်ကို များ၊ လေးလေးစားစားနဲ့ တောင်း ပန်ပါတယ်ဗျာ။ ခင်ဗျားတို့ ဖုန်း တွေယူ၊ ငွေတွေတောင်း၊ ကား ဘီးတွေ ပစ်ဖောက်၊ ဘာမှမဖြစ်ပါ ဘူး။ ဒါပေမဲ့ မရှိလို့ လုပ်စားနေရ တဲ့ ကားသမားတွေရဲ့ အသက်ကို တော့ ချမ်းသာပေးသင့်ပါတယ်’’  အောင်သစ်လွင်

No comments:

Post a Comment