Monday, November 28, 2016

ချင်းတွင်းမြစ်ဝှမ်းဒေသ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရန်စီစဉ်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များ၊ ပညာ ရှင်များနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ ပူးပေါင်း၍ ချင်းတွင်း မြစ်ဝှမ်းဒေသ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိ သည်။ ‘‘အခု  လောလောဆယ် တော့ မဖွဲ့ရသေးဘူး။ လာမယ့် ဒီဇင်ဘာလထဲမှာ ဖွဲ့ဖို့တော့စီစဉ် နေပြီ။ ချင်းတွင်းမြစ်ဝှမ်းဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှာ အစိုးရပါမယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေပါ မယ်၊ တက္ကသိုလ်အသီးသီးက ပညာရှင်တွေပါမယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်း ဖို့ စီစဉ်ထားတယ်’’ ဟု ကနီမြို့ နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးထွန်းထွန်းဝင်းက ပြော ကြားသည်။



 ချင်းတွင်းမြစ်ဝှမ်း ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တွင် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် စစ်ကိုင်းတိုင်းဒေသ ကြီးမှ ကိုးဦး၊ မကွေးတိုင်းဒေသ ကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည် နယ်မှ တစ်ဦးစီ ပါဝင်မည်ဖြစ် ကြောင်း ဦးထွန်းထွန်းဝင်းက ပြောသည်။

‘‘ချင်းတွင်းမြစ်ဝှမ်းမှာ သစ် တွေခုတ်လို့ သစ်တောတွေ ပြုန်း တီးကုန်ပြီ။ ရွှေတူးဖော်ရေးလုပ် ငန်းတွေကြောင့် ချင်းတွင်းမြစ်ရေ က တစ်နှစ်ပတ်လုံး နောက်ကျိ နေပြီ။ ရေအရည်အသွေး ထိန်း သိမ်းဖို့နဲ့ မြစ်ကြမ်းပြင် နုန်းပို့ချမှု တွေ လျော့နည်းအောင် ချင်းတွင်း မြစ်ဝှမ်းဒေသ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ဖွဲ့စည်းသင့် တယ်’’ဟု မင်းကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။

သြဂုတ်လက နာဂတောင် တန်းများမှ မြစ်ဖျားခံစီးဆင်းသည့် နန့်စလိန်ချောင်းမှ  စတင်ကာ ချင်းတွင်းမြစ်အတွင်း ရေမည်းများ ဖြတ်သန်းစီးဆင်းခဲ့သည်။ ယင်းရေမည်းများ စီးဆင်းခဲ့သည့် နောက်ပိုင်း  ချင်းတွင်းမြစ်ရေသည် သုံးစွဲ၍ ရရှိသော်လည်း သောက် ရေအဖြစ် သုံးစွဲရန် မသင့်ကြောင်း တိုင်းဒေသကြီး  အစိုးရ အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

ချင်းတွင်းမြစ်အတွင်း ရေ မည်းများ စီးဆင်းခဲ့သည့် နောက် ပိုင်း ချင်းတွင်းမြစ်ဝှမ်းဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အောက်တိုဘာ လဆန်းက စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

‘‘ချင်းတွင်းမြစ်ဝှမ်း ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အရင်အစိုးရအဖွဲ့တုန်းက လုပ်ခဲ့ဖူးတယ်။ သူတို့ဖွဲ့မယ့် အမျိုး အစားက တတိယအုပ်စု။ အစိုးရ ပါမယ်။ လွှတ်တော် ကိုယ်စား လှယ်ပါမယ်။ ပြည်သူတွေ၊ ပညာ ရှင်တွေပါမယ်။ အရင်အစိုးရအဖွဲ့က စခဲ့တယ်။ ပံ့ပိုးမှုရခဲ့တယ်။ အောင်မြင်ခါနီးလေးမှာ အစိုးရ လက်မှတ်မထိုးဘဲ ဒီအတိုင်းကျန် ခဲ့တယ်။ ဒီအစိုးရလက်ထက်မှာ ပြန်ဖွဲ့တယ်။ ပြီးခဲ့တဲ့လ အစည်း အဝေးကတော့ မတက်ဖြစ်ဘူး။ ဘာတွေ ဆုံးဖြတ်တယ်ဆိုတာ တော့ မသိဘူး။  ဒါပေမဲ့ ဖွဲ့ဖို့ ထောက်ခံတယ်’’ဟု ဧရာဝတီမြစ် ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်းမှ ဒေါက်တာခင်နီနီသိန်းက ပြော ကြားသည်။ မျိုးမင်းဦး

No comments:

Post a Comment