Saturday, November 19, 2016

ဒေါ့မွန် ခံစစ်ပိုင်းကို မေးခွန်းထုတ်လိုက်တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ ကားလို့စ်အန်ဆယ်လော့တီက ယနေ့ညမှာ ကစားရမယ့် ဘွန်ဒက်လီဂါ အရေးကြီးပွဲစဉ်မှာ ခံစစ်ပိုင်းပြသနာရှိနေတဲ့ ဘိုရပ်ရှားဒေါ့မွန်အသင်းရဲ့ နောက်တန်း အားနည်း ချက်ကို အခွင့်အရေးယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘွန်ဒက်လီဂါ လက်ရှိချန်ပီယံဟာ ပြိုင်ဘက် ဒေါ့မွန်အသင်းရဲ့ အိမ်ကွင်း Signal Iduna Park မှာသွားရောက် ကစားရမှာဖြစ်ပြီး ပွဲစဉ် ၁၀ ပွဲ ကစားထားပြီးချိန်မှာ အဆိုပါ အသင်းနှစ်သင်းကြား ရမှတ်ကွာခြားချက်မှာ ၆ မှတ်အထိရှိနေပါတယ်။ ပွဲစဉ် ၁၀ ပြီးဆုံးခဲ့တဲ့အချိန်မှာ ဒေါ့မွန်အသင်းဟာ ဘွန်ဒက်လီဂါရဲ့ ဂိုးသွင်းအများဆုံး အသင်းဖြစ်နေပေမယ့်လည်း ခံစစ်ပိုင်း ကတော့ ပြိုင်ဘက် ဘိုင်ယန်မြုးနစ်အသင်းထက် ဂိုးတွေ နှစ်ဆခွင့်ပြုထားခဲ့ပါတယ်။

ဘွန်ဒက်လီဂါမှာ ရှုံးပွဲမရှိသေးတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ ကာလို့စ်အန်ဆယ်လော့တီက ခံစစ်ပိုင်းအားနည်းမှုရှိနေတဲ့ ဒေါ့မွန်အသင်းနဲ့ ပွဲစဉ်အတွက် ကစားကွက် အပြောင်းအလဲပြုလုပ်ကာ အခွင့်အရေးရယူနိုင်ဖို့ စဉ်းစားနေပါတယ်။ အန်ဆယ်လော့တီက “ဒေါ့မွန်အသင်းဟာ လျှင်မြန်တဲ့ကစားသမားတွေ အများအပြားရှိနေပြီး တိုက်စစ်ဖွင့်ကစားတက်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တစ်ခါတစ်ရံမှာ ခံစစ်ပိုင်းအားနည်းမှုတွေ ဖြစ်ပေါ်တက်ပါတယ်။ ဒါဟာဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒီနေ့ညမှာ ကစားရမယ့်ပွဲစဉ်အတွက် ကျွန်တော့်အနေနဲ့ ကစားကွက်အမျိုးမျိုးကို စဉ်းစားထားပြီး ကျွန်တော်တို့ရဲ့ ပုံမှန်ခြေစွမ်း ကိုပြသနိုင်ဖို့ အရေးကြီးပါတယ်။ နည်းပြတစ်ဦးအတွက် ဒီလိုပွဲတွေပြင်ဆင်တာဟာ အလွန်လွယ်ကူပါတယ်။ သူတို့အားလုံးဟာ လုံးဝအာရုံအပြည့်အ၀ စိုက်ထားကြပြီး ဒါဟာ ကစားကွက်ပိုင်းထက် ပိုမိုအရေးပါလှပါ တယ်။” လို့ပြောဆိုသွားခဲ့ပါတယ်။
Ref: BILD

No comments:

Post a Comment