Thursday, November 17, 2016

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းနှင့် ကင်းစခန်း များပြုပြင်ရန် ပြည်ထဲရေး ၀န်ကြီးဌာနက လွှတ်တော် သို့ ဖြည့် စွက်ရန်ပုံငွေတောင်းခံ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်းနှင့် ခြံစည်းရိုးတစ်လျှောက် ရှိ ကင်းစခန်းများပြုပြင် ရန် ပြည် ထဲ ရေးဝန်ကြီးဌာနက လွှတ်တော်သို့ ဖြည့်စွက်ရန်ပုံငွေတောင်းခံ လိုက် ကြောင်း သိရသည်။ နိုဝင်ဘာ ၁၆ ရက်ကကျင်းပ သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မူလ ခန့်မှန်းရန်ပုံငွေဖြင့် လုံလောက်မှုမရှိ သည့် အသုံးစရိတ်ငွေဖြည့်စွက်တောင်း ခံရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ယင်းကဲ့သို့ တင်ပြတောင်းခံခဲ့ခြင်း ဖြစ်သည်။ မူလခွင့်ပြုငွေဖြင့် မလုံလောက် သောကြောင့် ငွေလုံးငွေရင်းအသုံး စရိတ်အဖြစ် ကျပ် သန်းပေါင်း ၃၆၉၂၈ သန်းကိုတောင်းခံခဲ့ပြီး ယင်းငွေဖြင့် မြန် မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံ စည်းရိုးကာရံခြင်းနှင့် ခြံစည်းရိုး တစ်လျှောက်ရှိ ကင်းစခန်းများပြု ပြင်ရန်အပြင် အခြားလုပ်ငန်းနှစ်ခု ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးဗိုလ်ချုပ်အောင်စိုး၏ လွှတ်တော်သို့တင်ပြချက်အရ သိရ သည်။

" ငွေလုံးငွေရင်းအသုံးစရိတ် တောင်းခံငွေ ကျပ်သန်းပေါင်း ၃၆၉၂၈ ဒသမ ၅၇၉ သန်းကတော့ ဆောက်လုပ်ရေးလုပ်ငန်း များအတွက် တောင်းခံငွေ၊ ကျပ်သန်းပေါင်း ၃၁၃၁၄ ဒသမ ၈၇ သန်းမှာ မြန်မာ နိုင်ငံလူ့အခွင့် အရေးကော် မရှင် မှ မြန်မာနိုင်ငံရဲ တပ်ဖွဲ့အချုပ်ခန်းများကို ကြည့်ရှု စစ်ဆေးပြီး ဘူးတံခါးများပြု ပြင်သင့်ကြောင်း အကြံပြုချက်အရ တိုင်းဒေသ ကြီး ပြည်နယ်ရဲ တပ်ဖွဲ့လုံ ခြုံရေးတပ်ဖွဲ့များ မှာရှိတဲ့ အချုပ် ခန်းများကိုပြင်ဆင် ဖို့အတွက် လိုအပ် သောငွေ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်း ရိုးကာ ရံခြင်းဆောင် ရွက်ဆဲလုပ်ငန်းများ အတွက် လို အပ်သောငွေ၊ ခြံစည်းရိုး တစ်လျှောက် မှာရှိတဲ့ ကင်းစခန်း ၂၇ ခုပြုပြင်ခြင်း လုပ်ငန်းအတွက် လိုအပ်ငွေ၊ မြန်မာ- ထိုင်းနယ်စပ်မှာရှိတဲ့ ကုန်သွယ်ရေး နယ်စပ်ဂိတ် ဖွင့်လှစ်ထားတဲ့ ကယား ပြည်နယ် မယ်စဲ့နယ်မြေရဲ စခန်းမှာရှိ တဲ့ တပ်ဖွဲ့ဝင်များအတွက် အဆောက် အအုံဆောက် လုပ်ပေး ရန်ဖြစ်ကြောင်း " ပြည်ထဲရေးဒုတိယ ၀န်ကြီး ဗိုလ်ချုပ် အောင်စိုး ကပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်အဖြစ် ကျပ်သန်း ပေါင်း ၁၃၄၅၄ ဒသမ ၉၄၄ သန်း တောင်းခံခဲ့ပြီး အကျဉ်းသား၊ အချုပ် သားဦးရေ တိုးမြင့်လာခြင်းကြောင့် ကျွေးမွေးရန်ရိက္ခာငွေလိုအပ်ချက် အပြင် အခြားကိစ္စရပ်များကို ဆောင် ရွက်မည်ဖြစ်ကြောင်းသိရသည်။
"သာမန်အသုံးစရိတ်အဖြစ် ထပ်မံတောင်းခံငွေကျပ်သန်းပေါင်း ၁၃၄၅၄ ဒသမ ၉၄၄ သန်းဟာ ဖွဲ့စည်း ပုံအရ ထပ်မံခန့်ထား ရန်လိုအပ်တဲ့ ၀န်ထမ်း များအတွက် လိုအပ်သော လစာငွေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာ နနဲ့ မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များအား ရိက္ခာထောက် ပံ့ငွေနှုန်းထားများ တိုးမြှင့်ခံစားခွင့် ပြုခြင်းအတွက် ထပ်မံလိုအပ်ငွေ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိ ဓာတုဗေဒစစ် ဆေးရေးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ မှုခင်း သိပ္ပံဌာနတို့အတွက် လိုအပ်သော ဓာတုဗေဒဆေးရည်၊ ဆေးမှုန့်ဝယ်ယူ ရန်လိုအပ်ငွေ၊ အကျဉ်း ဦးစီး ဌာနမှ အကျဉ်းသား၊ အချုပ်သားဦးရေ တိုး မြင့်လာ သဖြင့် ၎င်း တို့အားကျွေးမွေး ရန် လိုအပ်သောရိက္ခာငွေ၊ အကျဉ်း ထောင် အကျဉ်းသား စခန်းအ ဆောက်အအုံများ တိုးချဲ့ဆောက် လုပ် ပြင်ဆင်ရန် လိုအပ်ငွေ၊ လုံခြုံရေးအရ အရေးပေါ်ပြင် ဆင်ရန် အဆောက် အအုံများ အတွက် လိုအပ်ငွေ ၊ မြန် မာ နိုင်ငံအမျိုးသားလူ့ အခွင့်အရေး ကော်မ ရှင်နှင့် လွှတ်တော် လူ့အခွင့် အရေးကော်မတီတို့၏အကြံပြုချက် များအရ လို အပ်သော အကျဉ်းထောင် အဆောက်အအုံများပြုပြင် ရန် လို အပ်ငွေတို့အ တွက် တင်ပြတောင်း ခံ ထားခြင်းဖြစ်ကြောင်း " ဗိုလ်ချုပ် အောင်စိုး က ထပ်လောင်း ရှင်းလင်း ခဲ့သည်။
နိုဝင်ဘာ ၁၆ ရက်တွင် ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာန များမှ ဖြည့် စွက်ရန်ပုံငွေတောင်းခံ ခြင်းများဆောင် ရွက်ခဲ့ပြီး ကျန်ဝန်ကြီး ဌာနများ ၏ ဆက်လက်တင်ပြမှုကို နိုဝင်ဘာ ၁၇ ရက်တွင် ဆက်လက် ဆောင် ရွက်မည်ဖြစ်ကာ ယင်းသို့ တင်ပြမှုများနှင့်ပတ်သက်ပြီး လွှတ် တော်က ဆက်လက်ဆွေးနွေးဆုံး ဖြတ်ခြင်းများကို ပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။

No comments:

Post a Comment