Wednesday, November 23, 2016

မြန်မာ-ထိုင်း နယ်စပ်ဒေသတည်ငြိမ်ရေး ကာချုပ် ၂ဦးဆွေးနွေး

မြန်မာ-ထိုင်းတပ်မတော်တို့၏ 4th High Level Committee Meeting သို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-Adth နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယမန်နေ့ကတွေ့ဆုံကာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နှစ်ရပ် ပူးပေါင်းညှိ နှိုင်း ထိန်းသိမ်းလုပ်ဆောင်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးကိစ္စရပ်များတွင် လျင်မြန်စွာ တုံ့ပြန်အရေးယူဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ်အကြား အားကစားအဖွဲ့၊ ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေး တို့ကို ဆွေးနွေးကြကြောင်း မြ၀တီသတင်းကထုတ်ပြန်သည်။ မကြာသေးမီက ထိုင်းလေယာဉ်တစီး မြန်မာလေပိုင်နက်ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး နယ်ခြားကော်မတီမှ ထိုင်းဘက်သို့ ကန့်ကွက်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

No comments:

Post a Comment