Saturday, November 26, 2016

စီနီယာအစ်ကိုတစ်ဦးကဲ့သို့ ဆက်ဆံပေးခဲ့သည့် ဂျရတ်၏ကစားသမားဘ၀မှ အနားယူမှုအပေါ် ဆွာရက်ဇ် နှုတ်ဆက်စကားဆိုခဲ့

ဘာစီလိုနာတိုက်စစ်မှူး ဆွာ ရက်ဇ်သည် ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းတွင် ကစားခဲ့စဉ်က တွဲကစားခဲ့ဖူးသည့် လီဗာပူးအသင်း ခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ် ၏ အနားယူမှုအပေါ်နှုတ်ဆက်စကား ဆိုခဲ့ပြီး ကစားသမားဘ၀တစ်လျှောက် စီနီယာအစ်ကိုတစ်ဦးကဲ့သို့ လမ်းညွှန် မှုများပြုလုပ်ပေးခဲ့သည့်အတွက် ကျေး ဇူးတင်ကြောင်း၊ အသက်အရွယ်အရ အနားယူခဲ့ပြီဖြစ်သော်လည်း အမြဲ တမ်းအသင်းခေါင်းဆောင် တစ်ဦး အဖြစ် လက်ခံနေမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ""ဘောလုံးလောကရဲ့ သမိုင်း အစဉ်အလာကြီးမားတဲ့ အသင်းတစ် သင်းကို ရောက်ရှိခဲ့တဲ့အချိန်ဂျရတ် ရဲ့အကူအညီတွေအများကြီး ရရှိခဲ့ပါ တယ်။ သူ့ရဲ့ဖန်တီးပေးပို့မှုတွေက ယနေ့အချိန်မှာ ဆွာရက်ဇ်ဆိုတာ ကို ထိပ်သီးအသင်းတွေသိလာတာ ပါ။ ကွင်းအတွင်း၊ ကွင်းအပြင်မှာပါေ နွးထွေးမှုရှိတဲ့သူဖြစ်သလို စီနီယာ အစ်ကိုတစ်ဦးက အငယ်တွေအပေါ် ငဲ့ညာမှုတွေပြုလုပ်ပေးခဲ့တဲ့ အသင်း ခေါင်းဆောင်တစ်ဦးလို့ ပြောချင်ပါ တယ်။ ကစားသမားဘ၀ကအနား ယူခဲ့ပြီဖြစ်ပေမယ့် ဂျရတ်ဆိုတာဆွာ ရက်ဇ်အတွက် အသင်းခေါင်းဆောင်၊ အသင်းဖော်၊ သူငယ်ချင်းကောင်း အဖြစ် အမြဲတမ်းဆက်ရှိနေဦးမှာပါ""ဟု ဆွာရက်ဇ်ကဆိုခဲ့သည်။

လီဗာပူးအသင်းခေါင်းဆောင် ဟောင်းဖြစ်သူ စတီဗင်ဂျရတ်သည် လူငယ်စီမံကိန်းမှ ထွက်ပေါ်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး အသင်း အတွက် ၁၇နှစ်ကြာကစားပေးခဲ့ကာ ၂၀၁၅ခုနှစ်တွင် အမေရိကန်မေဂျာ လိဂ်ကလပ် အယ်လ်အေဂလက်ဆီ အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၁၆ နိုဝင်ဘာ ၂၄ တွင်ဘောလုံး ကစားသမားဘ၀မှ အနားယူခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ဆက်စပ်သတင်းများ အရ ကစားသမားဘ၀တစ်လျှောက် ဂျရတ်အား ဝေဖန်တိုက်ခိုက်လေ့ရှိ သည့် လီဗာပူးတိုက်စစ်မှူးဟောင်း ဒီအော့ဖ်သည် ဂျရတ်၏အနားယူ မှုအပေါ် မှတ်ချက်ပြုဝေဖန်မှုများ ထပ်မံပြုလုပ်ခဲ့သည်။""အသင်းဖော် အဖြစ်တင်မက ပြိုင်ဘက်အဖြစ်ပါ ရင်ဆိုင်ခဲ့ဖူးတဲ့အတွက်ဂျရတ်အကြောင်း ကောင်း ကောင်းနားလည်ထားပါတယ်။ သူ့ အနေနဲ့ကစားသမားကောင်း တစ်ဦး မဖြစ်နိုင်တဲ့အပြင် အသင်းအပေါ် ခြယ်လှယ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ တဲ့သူပါ။
အထူးသဖြင့်လီဗာပူးအ သင်းမှာ ဂျရတ်နဲ့ကာရေဂါတို့ကိုကျော် လွန်ပြီး ဘာမှလုပ်လို့မရပါဘူး။ သူတို့ နဲ့အဆင်မပြေရင် အသင်းမှာ ဆက် ကစားဖို့ မသေချာတော့သလို အထိ ပါပဲ။ ပီတစ်၊ ဇီဒန်းတို့လို ကစားသမား တွေကိုလေးစားပေမယ့် ဂျရတ်အတွက် ကတော့ မဖြစ်နိုင်ပါဘူ"" ဟု ဒီအော့ဖ် က ဝေဖန်တိုက်ခိုက်ခဲ့သည်။
WKM

No comments:

Post a Comment