Monday, November 21, 2016

ရှမ်းပြည်နယ်လွှတ်တော်ရုံးသစ်တည်ဆောက်ရန် ထင်းရှူးတောမြောက်ဘက်ခြမ်းကို သွပ်ပြားများဖြင့် ကာနေ၍ ဒေသခံများစိုးရိမ်

တောင်ကြီးမြို့ သစ် တောရပ်ကွက် အိမ်တော်လမ်းအ တွင်းရှိ ထင်းရှူးတောမြောက် ဘက်ခြမ်းအား သွပ်ပြားများ ကာရံနေခြင်းကို တောင်ကြီးဒေသခံသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့များ စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ် လွှတ်တော်ရုံး သစ်တည်ဆောက်ရန် ထင်းရှူးတောမြောက်ဘက်ခြမ်းအား နိုဝင်ဘာ ၁၇ ရက်မှ စတင်ကာ သွပ်ပြားများကာရံနေပြီး ကာရံထားသည့် အပိုင်းထဲတွင် နှစ်ရှည်ထင်းရှူးပင် ၁၀၀ ကျော်ပါဝင်နေသည်ဟု တောင်ကြီးဒေသခံ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့များ က ဆိုသည်။ ‘‘ရှမ်းပြည်နယ် လွှတ်တော် ရုံးသစ်တည်ဆောက်လို့ရှိရင် သစ် ပင်တစ်ပင်မှ မခုတ်ရတဲ့နေရာမှာ တည်ဆောက်မယ်လို့ ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝန်ကြီးတွေက လူ ထုတွေ့ဆုံပွဲမှာ ကတိပေးပြော ထားတယ်။ အခုကုမ္ပဏီက တည် ဆောက်မယ့်အပိုင်းကို ဒီလိုကာရံ တာတွေ လုပ်ဆောင်လာတဲ့အ တွက် အရမ်းကိုစိုးရိမ်ပါတယ်။ သစ်ပင်တွေ ခုတ်မယ်ဆိုရင်တော့ ဆက်လက်ကန့်ကွက်သွားမယ်’’ ဟု သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် တောင်ကြီးဒေသခံကို သက်ပိုင်စိုးက ပြောသည်။



ရှမ်းပြည်နယ် လွှတ်တော်ရုံး အသစ်တည်ဆောက်ရန် ရှမ်းပြည် နယ်လွှတ်တော်ရုံးကစီစဉ်နေပြီး သစ်ပင်များ ခုတ်ထွင်မည်မဟုတ်ဘဲ လုပ်ငန်းလုပ်ဆောင်နေစဉ်အ တွင်း ထိခိုက်မှုမရှိအောင် အကာအရံများစီမံထားခြင်းသာ ဖြစ်သည်ဟု ရှမ်းပြည်နယ် လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်လွှတ်တော်ရုံးအသစ်ကို လက်ရှိတည်ရှိနေ သည့် ရှမ်းပြည်နယ် လွှတ်တော်ရုံးအနောက်ဘက်တွင်သာ တည်ဆောက်မည်ဟု ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ သည် ဒေသခံများ သဘောမတူညီ သည့် ထင်းရှူးတောအတွင်း ရှမ်း ပြည်နယ်လွှတ်တော်ရုံးသစ်တည် ဆောက်ရန် ခွင့်ပြုပေးမည်မဟုတ် ဘဲ သစ်ပင်တစ်ပင်မှ ခုတ်ထွင်ရ ခြင်းမရှိသည့်နေရာ၌သာ တည် ဆောက်ခွင့်ပြုထားသည်ဟု ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က သတင်းမီဒီယာသမား များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။  ထင်းရှူးတောအတွင်း အ ကာအရံများ နေ့စဉ်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ လုပ်ငန်း ခွင်တွင် ဆောင်ရွက်နေသည့်  ကုမ္ပဏီမှ ဆောက်လုပ်ရေးလုပ်ငန်းခွင် တာဝန်ရှိသူအား မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ ဂျွန်ချစ်ငြိမ်း

No comments:

Post a Comment