Wednesday, November 23, 2016

ကလေးတီဘီ ရောဂါသည် လက္ခဏာမပြတတ်သဖြင့် မိဘများ ဂရုပြုရန်လိုအပ်

တီဘီရောဂါခံစားနေရသော ကလေးအချို့တွင် ရောဂါ လက္ခဏာမပြတတ်သောကြောင့် သတိပြုရန်လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက ပြောသည်။ ‘‘ကလေးတီဘီက အသက် အရွယ်တိုင်းမှာ တွေ့နိုင်တယ်။ ကလေးတီဘီမှာ ဘာပြဿနာ တွေရှိနိုင်လဲဆိုတော့ လူကြီးမှာ ဖြစ်တဲ့ တီဘီလိုမဟုတ်ဘူး။ လူ ကြီးတီဘီမှာက သလိပ်ကိုစစ်ရင် ပိုးရှိတာတွေ့နိုင်တယ်။ သေချာ ပေါက် ဒီရောဂါလို့ ပြောလို့ရ တယ်။ ကလေးတီဘီမှာကျတော့ သလိပ်ထဲမှာ ပိုးထွက်တာမဟုတ် ဘူး။ တီဘီလက္ခဏာရှိလား၊ တီ ဘီရောဂါဖြစ်တဲ့သူနဲ့အတူနေ လား။ သွေးတို့၊ဓာတ်မှန်တို့လို တ ခြားစမ်းသပ်မှုတွေလုပ်ပြီး သံသ ယနဲ့ ရှာဖွေရတယ်’’ဟု ၎င်းက ရှင်းပြသည်။




ကလေးများတွင် တီဘီရော ဂါဖြစ်စေသည့် အကြောင်းရင်းထဲ ၌ အတူနေမိသားစုဝင်တွင် တီဘီ ရောဂါ ဖြစ်နေသူရှိပါက (သို့မ ဟုတ်) ယခင်က ဖြစ်ပွားခဲ့ဖူးသူရှိပါက ကလေးသို့ ကူးစက်နိုင်ကြောင်း သိရသည်။

‘‘လူကြီးမှာရှိရင် ကလေးမှာ လည်းရှိနိုင်တယ်။ တစ်ချိန်မဟုတ် တစ်ချိန် ရောဂါကူးစက်သွားနိုင် တယ်။ ကူးစက်သူတိုင်းက လက္ခ ဏာမပြဘူး။ ငယ်လေလေ ပိုအ ရေးကြီးလေပဲ’’ဟု ဒေါက်တာစော ၀င်းက ဆိုသည်။

တီဘီရောဂါသည် အသက် အရွယ်မရွေး  ဖြစ်ပွားနိုင်သော ရောဂါဖြစ်ပြီး အဆုတ်တွင် အ များဆုံးဖြစ်ပွားလေ့ရှိသည်။ အ ခြား  ခန္ဓာကိုယ် အနှံ့အပြားတွင် လည်း ဖြစ်ပွားနိုင်ကာ ဆီးချိုရော ဂါ၊ ခုခံအားကျဆင်းမှု ကူးစက် ရောဂါနှင့် အာဟာရချို့တဲ့သူများ တွင် အဖြစ်များသည်။ကလေးများတွင် သုံးပတ် ကျော်နှင့် အထက်ကြာသည်အထိ ချောင်းဆိုးခြင်း၊ ပိန်ခြင်း၊ အစာမ စားနိုင်ဘဲ ဖျားခြင်း၊ ကလေးဖွံ့ဖြိုး မှုနှေးခြင်း စသည့်လက္ခဏာများ ဖြစ်တတ်သော်လည်း အချို့က လေးများတွင် ရောဂါလက္ခဏာမ ပြဘဲ ပုံမှန်ကြီးထွားသည့် အခြေ အနေမရှိသည့်အခါမှသာ သံသ ယဖြစ်ပြီး ဓာတ်မှန်ရိုက်၍ စစ် ဆေးကြည့်ရာမှ ရောဂါဖြစ်ပွားနေ သည်ကို တွေ့ရှိရခြင်းဖြစ်သည်။

ကလေးတီဘီရောဂါဖြစ်ပွား မှုကို သေချာစွာကုသရန်လိုအပ် ပြီး ကုသမှုကို ပြီးဆုံးအောင် မခံ ယူပါက နောက်ဆက်တွဲ အဆုတ် နာရောဂါမျိုးဖြစ်ပွားနိုင်သဖြင့် သ တိပြုရန်လိုအပ်သည်ဟု အထွေ ထွေရောဂါကုဆရာဝန်အချို့က ဆိုသည်။

တီဘီရောဂါကာကွယ်ရန် ရင်သွေးငယ်များအား ဘီစီဂျီကာ ကွယ်ဆေးကို မပျက်မကွက်ထိုးနှံ ပေးရန် လိုအပ်ပြီး အာဟာရပြည့် ၀သော အစားအစာများ စားသုံး ခြင်း၊ သင့်တင့်လျောက်ပတ်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ ချောင်းဆိုး၊ နှာချေလျှင် နှာခေါင်း နှင့် ပါးစပ်ကို လုံအောင်ပိတ်ခြင်း၊ သလိပ်နှင့် တံတွေးကို စည်းကမ်း မဲ့ထွေးခြင်းနှင့် အရက်၊ ဆေးလိပ် သောက်သုံးခြင်းကို ရှောင်ကြဉ် ရန် လိုအပ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက  သတိပေးချက်ထုတ်ထားသည်။

ကမ္ဘာပေါ်တွင် တီဘီရောဂါ ဖြစ်ပွားမှုသည် တစ်နှစ်လျှင် လူဦး ရေ ကိုးသန်းခန့်ဖြစ်ပွားနေပြီး ၁ ဒသမ ၅ သန်းခန့် သေဆုံးနေ ကြောင်း စက္ကန့် ၂၀ လျှင် တစ်ဦး နှုန်း သေဆုံးလျက်ရှိကြောင်း သိ ရသည်။ ကလေးများတွင် တီဘီ ရောဂါ အသစ်ဖြစ်ပွားမှုမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ၂၀၁၁ တွင် တွက်ချက်ခဲ့သည့် ကိန်းဂဏန်း ထက် နှစ်ဆဖြစ်ပွား (ကလေးငယ် ပေါင်း တစ်သန်းခန့် နှစ်စဉ် တီဘီ ရောဂါဖြစ်ပွား)နေကြောင်း ဟား မတ်တက္ကသိုလ်ပြည်သူ့ကျန်းမာ ရေးကျောင်း လေ့လာရေးအဖွဲ့ ၀င် ၂၀၁၅ ကျန်းမာရေးစစ်တမ်း အရ သိရသည်။ ယမင်း၊ ဟေမာန်ညီညီ

No comments:

Post a Comment