Thursday, November 24, 2016

သက်ငယ်မုဒိမ်းမှုပပျောက်ရန်နှင့်ထိရောက်သောပြစ်ဒဏ်သတ်မှတ်ပေးရန် မန္တလေးမြို့တွင် ဂရပ်ဖစ်တီရေးဆွဲ၍တိုက်တွန်း

သက် ငယ်မုဒိမ်းမှုပပျောက်စေရန်နှင့်ထိ ရောက်သော ပြစ်ဒဏ်သတ်မှတ်၍ ထိန်းချုပ်နိုင်စေရန်အတွက် မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့ နယ် (၃၅)လမ်း နှင့် (၆၉)လမ်းထောင့် ရှိ န၀ရတ်ရိပ်သာဝင်းအတွင်း နိုဝင် ဘာ ၂၂ ရက် ညနေ ၄ နာရီက ဂရပ် ဖစ်တီရေးဆွဲ၍တိုက်တွန်းခဲ့ကြောင်း သိရသည်။ ""၂၀၁၆ ခုနှစ်နောက်ပိုင်း သက်ငယ်မုဒိမ်းတွေက တစ်နေ့တ ခြားများ လာတယ်။ သေဒဏ်ပေး တာ၊ ထောင်ဒဏ်တစ်သက်တစ် ကျွန်းချမှတ်တာမျိုးနဲ့ သက်ငယ်မု ဒိမ်းတွေထပ်မဖြစ်အောင် ထိန်းချုပ် ပေးစေချင်တယ်။ သက်ငယ်မုဒိမ်း ပပျောက်ဖို့တိုက်တွန်းတဲ့သဘောနဲ့ ဒီနေ့ဂရပ်ဖစ်တီရေး ဆွဲဖြစ်တာပါ""ဟု MC Prince (ခ) ကိုသန့်ဇင်ဝင်း က နိုဝင်ဘာ ၂၂ ရက်တွင် ပြောသည်။ နိုဝင်ဘာစတုတ္ထအပတ်တွင် မန္တလေးမြို့ခံ လူထုက သက်ငယ်မုဒိမ်း အလိုမရှိကမ်းပိန်းကို ဆင်တူဝတ်စုံ များဝတ်ဆင်၍ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဓာတ်ပုံအရိုက်ခံ ဆန္ဒပြုရန်စီစဉ်နေရာ စာရေးဆရာ၊ ကဗျာဆရာများပါဝင်လာပါက စာ ပေဟောပြောပွဲပုံစံပြုလုပ်သွားမည် ဖြစ်ပြီး ဆန္ဒကောက်ခံသော လက် မှတ်ကမ်ပိန်းမျာကိုပါ ထည့်သွင်း ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း သိ ရသည်။
AXE

No comments:

Post a Comment