Monday, November 21, 2016

တရားဝင်ဇနီးရှိလျက်နှင့် အခြားအမျိုးသမီးတစ်ဦးနှင့် ထပ်မံပေါင်းသင်းသော အမျိုးသားအား ဇနီးသည်က တိုင်ကြားအမှုဖွင့်

ချောက်မြို့နေ အမျိုးသမီး တစ်ဦးက ¤င်း၏ခင်ပွန်းနှင့် ပေါင်း သင်းနေထိုင်သော အမျိုးသမီးတစ်ဦး တို့အား နိုဝင်ဘာ ၁၂ ရက်က တိုင် ကြားအမှုဖွင့်ခဲ့ကြောင်း ချောက် မြို့မရဲစခန်းမှ သိရသည်။      အမှတ်(၁၅)ရပ်ကွက်၊ မြေနီကုန်းရပ်၊ ချောက်မြို့နေ မသုသု မျိုး(၂၇ နှစ်)သည် ၂ဝဝ၈ ခုနှစ် ဇန်န ဝါရီ ၁၄ ရက်တွင် တစ်ရပ်ကွက် တည်းနေ သိန်းထိုက် (၃၆ နှစ်)လျှပ် စစ်ဝန်ထမ်း(မီတာဖတ်စာရေး)နှင့် တရားဝင်ထိမ်းမြားလက်ထပ်ခဲ့ပြီး သမီးတစ်ဦး ထွန်းကားခဲ့ကြောင်း၊ လွန်ခဲ့သောရှစ်လခန့်မှစ၍ သိန်း ထိုက်သည် နေအိမ်သို့ အချိန်မှန် ပြန်လာမှုမရှိခြင်း၊ ဇနီးသားသမီး အပေါ် ပြုစုထောက်ပံ့ရန် ပျက်ကွက် လာခြင်းတို့ကြောင့် သံသယရှိသဖြင့် လိုက်လံစုံစမ်းခဲ့ရာ ၂ဝ၁၆ ခုနှစ် နိုဝင် ဘာ ၃ ရက် ည ၁ဝ နာရီတွင် မယဉ် ယဉ်ဦး(အို) (အသက်၊ အဖအမည်၊ အလုပ်အကိုင်စိစစ်ဆဲ) အမှတ်(၁၄) ရပ်ကွက်၊ စစ်ကွင်းရပ်၊ ချောက်မြို့ နေသူ၏နေအိမ်တွင် အတူပေါင်း သင်းနေထိုင်လျက်ရှိကြောင်း တွေ့ရှိ ခဲ့၍ နေအိမ်သို့ပြန်လာရန် ခေါ်ယူ ရာ သိန်းထိုက်က ¤င်းနှင့်မပေါင်း သင်းချင်ကြောင်း၊ ငါယူချင်ရင် ထပ် ယူလို့ရတယ်။ ပြန်သာပြန် မပြန်ရင် သတ်ပစ်မယ်ဟု ပြောဆိုသဖြင့် ရိုင်းပျစွာ ဆဲဆိုပြီး မယဉ်ယဉ်ဦး၏နေအိမ်ပေါ်မှ ဆင်းလာကာ ဆိုင် ကယ်စီး၍ ဝင်တိုက်ခြင်း၊ ဆံပင်ဆွဲ၍ ဆောင့်ကန်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တရားလို၏တိုင်ကြား ချက်အရ သိရသည်။    ဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင်ဇနီးရှိပါလျက် အခြားအမျိုး သမီးတစ်ဦးနှင့် ထပ်မံပေါင်းသင်းသူ သိန်းထိုက်အား အရေးယူပေးပါရန် နိုဝင်ဘာ ၁၂ ရက်တွင် မသုသုမျိုးက တရားလိုပြုတိုင်ကြားခဲ့သောကြောင့် ချောက်မြို့နယ် မြို့မရဲစခန်းမှ (ပ) ၉ဝ၆/၂ဝ၁၆ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ထားသည်။

No comments:

Post a Comment