Tuesday, November 22, 2016

ဆိုင်ကယ်စီး လူနှစ်ဦး အော်ဟစ် ပြောဆိုမှုကြောင့် စစ်တွေတွင် လူစုလူဝေးဖြစ်

 ရခိုင်ပြည်နယ် စစ်တွေ မြို့ ဓည၀တီရပ်ကွက်တွင် နိုဝင် ဘာ ၂၁ ရက် ညက ဆိုင်ကယ်စီး နင်းလာသူနှစ်ဦးက အော်ဟစ်ပြောဆိုခဲ့ရာမှ လူစုလူဝေးဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က လုံခြုံရေးချထားခဲ့ရကြောင်း သတင်းရရှိ သည်။ေ ကာလာဟလသတင်း အ ချို့နှင့်ပတ်သက်၍ လူစုလူဝေး ဖြစ်ပွားသည့်အပေါ် လုံခြုံရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အဆင့် မြင့်အရာရှိတစ်ဦးက နိုဝင်ဘာ ၂၁ ရက် ည ၁၀ နာရီခွဲခန့် အခြေ အနေကို ပြောပြသည်။ ‘‘၈ နာရီခွဲမှာ မီးပြတ်တဲ့အ ချိန် ဆိုင်ကယ်စီး လူနှစ်ယောက် က ဘင်္ဂါလီတွေ ၀င်လာပြီဆိုပြီး အော်လို့ လူတွေ ထွက်ကြည့်ကြ တာ။ လူ ၁၀၀ လောက် ဖြစ်သွား တယ်။ ရဲတပ်ဖွဲ့ဝင်တွေလည်း ပတ်ဝန်းကျင် အကုန်ပတ်ရှာ တယ်။ ဘာမှမတွေ့ဘူး။ သေချာ ရှင်းပြလိုက်တော့မှ ၉ နာရီ ၄၅ မှာ လူစုကွဲသွားတယ်’’ဟု ရခိုင် ပြည်နယ် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က နိုဝင်ဘာ ၂၁ ရက် ညတွင် ပြောသည်။ စစ်တွေမြို့ခံတစ်ဦးက လည်း ‘‘ဘင်္ဂါလီတွေတက်လာပြီ လို့ အော်ပြေးတယ်။ ကြားတဲ့သူ တွေက စိုးရိမ်စိတ်နဲ့ထွက်ကြတာ။ မီးကပြတ်နေတော့ စိုးရိမ်စိတ်နဲ့ လူစုသွားတာပေါ့’’ဟုဆိုသည်။

No comments:

Post a Comment