Tuesday, November 22, 2016

သုတေသနဖြင့် အဖြေရှာပါ

နိုဝင်ဘာ ၂၄ ရက်မှာ ကျရောက်မယ့် အမျိုးသားအောင်ပွဲနေ့အတွက် ဆောင်းပါး တစ်ပုဒ်ရေးသားဖို့ ရည်ရွယ်ခဲ့ပေမယ့် သမိုင်းဆိုင်ရာ အချက်အလက်တွေ ကိုယ့်ထက်ပိုမိုပြည့်စုံပြီး နိုင်ငံရေးအမြင်မှာလည်း ကိုယ့်ထက် အများကြီး စူးရှတဲ့ ဆရာ၊ ဆရာမတွေရှိတာကြောင့် သူတို့ရဲ့မျှဝေတဲ့ သမိုင်းအချက်အလက်များနဲ့ သဘောထား အမြင်တွေ၊ အမျိုးသားနေ့ရဲ့ယနေ့ခေတ်အပေါ် ထင်ဟပ်ချက်တွေကိုပဲ စောင့်မျှော်ဖတ်ရှုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်း ကတော့ သမိုင်းထဲက နေ့ရက်တွေတိုင်းဟာ ကျွန်တော် တို့အတွက် အရေးကြီးသလို ပစ္စု ပ္ပန်မှာလည်း သေရေးရှင်ရေးလို အရေးကြီးတဲ့ ကိစ္စရပ်တွေရှိနေ တာကြောင့် ကိုယ့်ရဲ့အကြံပြုချက် လေးတစ်ခုဟာ အဲဒီကိစ္စရပ်တွေ၊ြ ပဿနာတွေကို ဖြေရှင်းရာမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်များဖြစ် နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အကြံပြုချက်တချို့ ရှိနေလို့ပါပဲ။




စာမျက်နှာများပေါ်က ပြဿနာများ

အခုတစ်လောမှာ လူမှုကွန် ရက်စာမျက်နှာတွေပေါ်နဲ့၊ သ တင်းစာ စာမျက်နှာတွေပေါ်မှာ အတွေ့ရများတဲ့ အကြောင်းအရာတစ်ခုကတော့ မှုခင်းများ ပိုမိုများ ပြားလာခြင်းနဲ့ အဲဒီမှုခင်းတွေထဲ မှာ သက်ငယ်မုဒိမ်းမှုတွေ အများ အပြား ပါဝင်လာခြင်းပဲ ဖြစ်ပါ တယ်။ ဒီပြဿနာတွေဟာ လက် ရှိ အစိုးရရဲ့ နိုင်ငံတော်တည် ဆောက်ရေးလမ်းကြောင်းအပေါ် အတော်ကြီးမားတဲ့ အနုတ်လက္ခဏာ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်သလို ပြည်သူလူထုရဲ့
နေ့စဉ်ဘဝလုံခြုံမှုကို အတိုင်းအ တာတစ်ခုအထိ ခြိမ်းခြောက်လာ နေပြီလို့ ဆိုရမှာပါ။ သမီးရည်းစားအချင်းချင်း ပြန်လည်သတ်ဖြတ် တဲ့ သတင်းမျိုးဟာ ပျော်ရွှင်ချမ်း မြေ့စွာနဲ့ ဘဝကို အတူလက်တွဲ ဖြတ်သန်းကြဖို့ ရည်ရွယ်ထားတဲ့ ချစ်သူစုံတွဲတွေကြားမှာ သံသယ မီးစတွေ စတင်ဖြစ်ပေါ်စေနိုင်ပါ တယ်။ သက်ငယ်မုဒိမ်းမှုတွေအ ကြောင်း သတင်းတွေကလည်း သမီးလေးမွေးထားတဲ့ မိဘတွေ အတွက် အလုပ်သွားမဖြောင့် အောင်၊ အိမ်နီးနားချင်းတွေနဲ့ စိတ်ဝမ်းကွဲအောင် စိတ်အနှောင့်အ ယှက်ဖြစ်စေပါတယ်။ နေ့စဉ်ဘဝ လုံခြုံမှုမရှိခြင်းက ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍအပေါ် ဆိုး ကျိုးသက်ရောက်မှုတွေ ရှိလာနိုင် သလို မလုံခြုံမှုမှာ သန္ဓေတည်တဲ့ သံသယတွေဟာ တိုင်းပြည်တည် ဆောက်ရေးအတွက် အရေးတ ကြီး လိုအပ်နေတဲ့ စည်းလုံးညီ ညွတ်မှုကိုလည်း ထိခိုက်စေမှာ အမှန်ပါပဲ။

ဆေးအတွက်နဲ့ မလေးစေလိုပါ

ဒါ့အပြင် ပိုဆိုးတာကတော့ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့အထိ တောင်း ဆိုလာတာတွေကိုလည်း တွေ့နေ ရခြင်းပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr.Roland Kobia ကိုယ်တိုင်ရေးသားတဲ့ဆောင်းပါး ကို 7Day Daily သတင်းစာမှာ ဖော်ပြခဲ့တာကို ဖတ်ရှုလေ့လာခွင့် ရခဲ့ပါတယ်။ သံအမတ်ကြီးက သူ့ ရဲ့ဆောင်းပါးခေါင်းစဉ်ကို ‘‘ဘဝ ကို အဆုံးသတ်မည့်အစား ပြစ်မှု ကို မည်သို့ အဆုံးသတ်မည်ကို အလေးထားကြပါစို့’’ လို့ ရေးသား တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် သံအမတ်ကြီးက သေဒဏ်ပေး ခြင်းနဲ့ မှုခင်းလျော့ကျမှုရဲ့ဆက် စပ်မှုကို ရှင်းပြခဲ့ပါသေးတယ်။ သူက ‘‘သေဒဏ်ပေးခြင်းကို ထောက်ခံသော
သူများမှ သေဒဏ်သည် ပြစ်မှုကို အဟန့်အတားအဖြစ် ဆောင်ရွက်သည်ဟု ငြင်းခုံဆွေး နွေးသော်လည်း ထိုအချက်ကို ထောက်ခံသည့် သက်သေအ ထောက်အထား ရှင်းရှင်းလင်း လင်း မရှိချေ။ သို့ရာတွင် အင်ဒိုနီးရှား မူးယစ် အသုံးပြုသူကွန်ရက် မှ အချက်အလက်များအရ ဥပမာပေးရလျှင် မူးယစ်ဆေးဝါးရောင်း ဝယ်ခြင်းအတွက် ပထမနှင့် ဒုတိယအကြိမ် ကွပ်မျက်မှုများ လုပ်ပြီး သောအခါ မူးယစ်ဆေးဝါးအသုံး ပြုခြင်းသည် အမှန်တကယ် ထိုးတက်
သွားခဲ့သည်’’လို့ ဆိုပါတယ်။ တကယ်တော့ ဒီကိစ္စတွေကို ဖြေရှင်းတဲ့အခါ ပေါ့စေလိုလို့ ကြောင်

ရုပ်ရေးဆေးအတွက်နဲ့ လေးဆိုသလို မဖြစ်ဖို့ သတိထားကြရမှာပါ။

တရားခံဘယ်သူလဲ

ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေနဲ့ပတ်သက်ပြီး ရာဇဝတ်အ ကျဉ်းသားတွေကို ထောင်နဲ့ချီပြီး လွှတ်ပေးခဲ့တဲ့ ယခင်အစိုးရအ ပေါ် အပြစ်တင်သူတွေရှိသလို လက်ရှိ အစိုးရရဲ့ တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်
ဆောင်ရွက်နိုင်မှု အပေါ် မေးခွန်း ထုတ်သူတွေလည်း ရှိပါတယ်။ ဒီနေရာမှာ တစ်ခု စဉ်းစားစရာရှိ တာက အဲဒီလို အပြစ်တင်ဝေဖန် မှုတွေဟာ လှေနံဓားထစ်အတွေး တွေသာဖြစ်ပြီး မှုခင်းတွေ များပြားလာခြင်းရဲ့ အဓိက
အကြောင်း ရင်းမှန်ဖြစ်တယ်ဆိုတာကိုတော့ အာမ မခံနိုင်ပါဘူး။ ဘယ်ကိစ္စမဆိုပြဿနာရဲ့ အကြောင်းရင်းကို သိမှသာလျှင် အဖြေနဲ့ နီးစပ်မှာမို့ ပြဿနာရဲ့အကြောင်းရင်းမှန် ကို ဖော်ထုတ်ဖို့ အရေးတကြီးလို အပ်နေပါတယ်။ သတိထားဖို့ ကောင်းတာက သွေးသားအရင်း အချာတွေကို မတရားပြုကျင့်တဲ့ အမှုမျိုးတွေပါ တွေ့လာနေရတာ ကြောင့် ဒီပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းဟာ ထင်သ လောက် မရိုးရှင်းဘူးလို့ ကောက်ချက်
ဆွဲနိုင်ပါတယ်။ ပြဿနာကို သေသေချာချာ သိပ္ပံနည်းကျ စေ့ငု လေ့လာနိုင်မှသာ တော်ကာ ကျနိုင်မယ့် အခြေအနေဖြစ်ပါတယ်။

သုတေသန (Research)ဆို တာကို လွယ်လွယ်အဓိပ္ပာယ်ဖွင့် ရင် ‘‘စနစ်တကျ စူးစမ်းထောက် လှမ်းခြင်း (Investigating Sys-tematically)’’ လို့ ပြောလို့ရမယ် ထင်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေးဌာနတွေအနေနဲ့ အမှု တစ်ခုချင်းအလိုက် တရားခံအစစ် ကို ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက် ကြမှာ ဖြစ်ပေမယ့် အမှုတစ်ခုချင်းစီရဲ့ နောက်ခံအကြောင်းရင်းတွေ ကို စုစည်းပြီး ဘယ်အချက်က တော့ဖြင့် လူသတ်မှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်စေတဲ့
အ ကြောင်းရင်းတွေလဲ ဆိုတာကို စနစ်တကျ ဖော်ထုတ်ဖို့ လိုအပ် မယ်လို့ ယူဆမိပါတယ်။ အဲဒီလို သုတေသနပြုပြီး ရရှိလာတဲ့ အဖြေပေါ်မှာ မူတည်လို့ မှုခင်းတွေဖြစ် ပေါ်စေတဲ့ အဓိကအကြောင်း ရင်းတွေကို ဖယ်ရှား ရှင်းလင်းနိုင် မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့အ ဖြေဖြစ်လိမ့်မယ်လို့ ယူဆမိပါ တယ်။

ကူညီပါရစေ

တရားဥပဒေစိုးမိုးရေးအ တွက် အဓိကတာဝန်ရှိတဲ့ အဖွဲ့အ စည်းတွေထဲက တစ်ခုကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်ပြီး အဲဒီရဲ တပ်ဖွဲ့ရဲ့ဆောင်ပုဒ်ကတော့ ‘‘ကူ ညီပါရစေ’’ ရယ်လို့ ဖြစ်ပါတယ်။ အစိုးရသစ်အပြောင်းအလဲနဲ့
အတူ ရဲတပ်ဖွဲ့အတွင်းမှာလည်း ပြု ပြင်ပြောင်းလဲမှုတွေ လုပ်ဆောင် နေပြီး ပြည်သူကို အမှန်တကယ် ကူညီပေးနိုင်ဖို့ ကြိုးစားနေမယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချိန် တည်းမှာ သတိထားမိတာက တော့ ရဲတပ်ဖွဲ့အပြင် တခြားသော တရားဥပဒေစိုးမိုးရေးဆိုင်ရာအ ဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်သူနဲ့ တခြားသော အဖွဲ့အစည်း (Institutions) တွေဆီက အကူ အညီတွေ ရယူဖို့ လိုနေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ မှုခင်းတွေဖြစ်ပေါ်စေ တဲ့ အကြောင်းရင်းတွေကို လေ့ လာသုတေသနပြုရာမှာ တက္က သိုလ်တွေ၊ အရပ်ဘက်လူ့အဖွဲ့အ စည်းတွေရဲ့အကူအညီတွေ အ မြောက်အမြားလိုအပ်နေတယ်လို့ ယူဆမိပါတယ်။ တက္ကသိုလ်အ သီးသီးက စိတ်ပညာ၊ စာရင်းအင်း ပညာ၊ ဆေးပညာ၊ လူမှုရေးပညာ၊စီးပွားရေးပညာ စသည် စသည် ဖြင့် ဘာသာရပ်အသီးသီးက ပညာရှင်တွေ၊ သုတေသနသမားတွေ၊ သုတေသနကျမ်းပြုသူ ကျောင်း သားကျောင်းသူတွေအနေနဲ့ သူ တို့တတ်ကျွမ်းတဲ့ ပညာရပ်နယ် ပယ်အသီးသီးကနေ ဖြစ်ပေါ်ခဲ့ဖူး တဲ့ မှုခင်းတွေအပေါ် ချဉ်းကပ်သု တေသနပြုမယ်ဆိုရင် မှန်ကန်တဲ့ အကြောင်းရင်းကို ရှာဖွေနိုင်မယ် လို့ ထင်ပါတယ်။ အဲဒီသုတေသန လုပ်ငန်းတွေ၊ အချက်အလက် တွေကို အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေ၊ ရပ်ရွာအခြေပြုလူမှု အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူ ညီနိုင်တဲ့ အခြေအနေရှိပါတယ်။

ဟိုက်ပိုသစ်စစ်

သုတေသနဆိုတာကို ဟိုက် ပိုသစ်စစ်(Hypothesis)လို့ခေါ်တဲ့ တွေးဆချက်တွေကို မှန်ကန်မှုရှိ၊ မရှိ အဖြေထုတ်တဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ လတ်တလောမှာ ပြည်သူတွေအကြား မှုခင်းတွေ ပိုမိုများပြားလာမှုနဲ့ ပတ်သက်တဲ့ Hypothesis တွေ အတော်များများရှိပြီးဖြစ်ပါတယ်။ ဥပမာပြောရရင် မူးယစ်ဆေးဝါးပြဿနာ၊ လူမှု ကွန်ရက်တွေကို မဆင်မခြင်အ သုံးပြုတာ စတာတွေဟာ ပြဿနာတွေရဲ့ အကြောင်းရင်းလို့ Hypo-thesis ထုတ်ထားတာမျိုးတွေရှိ တာကြောင့် အချိန်အနည်းငယ် ပေးပြီး လေ့လာရင် အဖြေမှန်နဲ့ နီးနီးစပ်စပ် ဖြစ်လာမယ်လို့ ထင် ပါတယ်။

မြန်မြန်နဲ့ မှန်မှန်

ဒါကြောင့် တရားရေး၊ ရဲတပ် ဖွဲ့၊ စုံစမ်းစစ်ဆေးရေးနဲ့ မှုခင်းဌာနတွေဟာ သုတေသနသမားတွေ၊ လူမှုရေးအဖွဲ့အစည်းတွေရဲ့အ ကူအညီကို ရယူပြီး သုတေသန တွေကနေတစ်ဆင့် ပြဿနာရဲ့ တကယ့်အကြောင်းတရားအမှန်
ကို အလျင်အမြန် အဖြေရှာနိုင်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ရပါ တယ်။

 တစ်ရက်စောပြီး အဖြေရှာ နိုင်လေ တစ်ရက်စောပြီး ပြည်သူ တွေအတွက် ပိုလုံခြုံလေဖြစ်ပါ တယ်။ ရဲတပ်ဖွဲ့ရဲ့ဆောင်ပုဒ်ကို ရဲတပ်ဖွဲ့တစ်ခုတည်း သုံးဖို့မထား ဘဲ အချင်းချင်း အပြန်အလှန်ကူ ညီနိုင်ကြဖို့ ‘‘ကူညီပါရစေ’’ဆိုတဲ့ စကားကို အားလုံးက ပြောကြရ အောင်လားခင်ဗျာ။    ခိုင်ကြည်သစ်

No comments:

Post a Comment