Tuesday, November 29, 2016

လူထုဒေါ်အမာ ၁၀၁နှစ်ပြည့်မွေးနေ့ တောင်လေးလုံးကျောင်းမှာ ပြုလုပ်မည်

မန္တလေးမြို့နေ စာရေးဆရာ၊ သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့၁၀၁နှစ်မြောက်မွေးနေ့ပွဲကို အမရပူရမြို့နယ် တောင် သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်တွင် နိုဝင်ဘာ၂၉ ရက်၊ မနက်၉နာရီအချိန်မှာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲတွင် တောင်လေးလုံးရဲ့နာမည်ကျော် ၀က်သားဟင်းလေးချက်၊ ဘူးသီးကြော်တို့ဖြင့်ဧည့်ခံ ကျွေးမွေးမည်ဖြစ် ကြောင်းလည်း သိရပါတယ်။ လူထုဒေါ်အမာဟာ ခင်လှဝင်း၊ မြမဉ္ဇူ၊ အမာ၊ အင်းလျားဆောင်သူတစ်ဦး၊ ဖခင်အောင်နိုင်၊ ဇမ္ဒူဒီပါ အောင်ထွန်းအစရှိတဲ့ကလောင်ခွဲများဖြင့်လည်း ပင်ကိုယ်ရေး သမိုင်းဆိုင်ရာစာအုပ်များ၊ ဆောင်းပါးများ၊ စာတမ်းများ၊ ဘာသာပြန်စာအုပ်များ၊ နိုင်ငံတကာဝတ္ထုများကို ရေးသားခဲ့သူဖြစ်ပြီး မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ၊ ပြည်သူ ချစ်သော အနုပညာသည်များ၊ ရွှေဒေါင်းတောင်ဆောင်းပါးများ၊ စန္ဒမာလာ၊ ကမ္ဘာ့အကြီးဆုံးစာအုပ်၊ မြန်မာ့ခေတ်သစ်ပန်းချီ၊ အမေ့ရှေးစကားစာအုပ်တို့မှာ အထူးထင်ရှားပါတယ်။ စာရေးဆရာမကြီး လူထုဒေါ်အမာဟာ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၇ မိနစ်တွင် မန္တလေးပြည်သူ့ဆေးရုံ ကြီး၌ အသက် ၉၃ နှစ်အရွယ်မှာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ K ငြိမ်းချမ်း

No comments:

Post a Comment