Tuesday, November 29, 2016

အစိုးရကို အကြပ်အတည်းဖြစ်အောင် မေးမိသည့်အတွတ် ကော်မတီမှ ထုတ်ပယ်ခံရ

အစိုးရအား အကြပ်အတည်းဖြစ်အောင် ဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော် စီးပွားရေးနဲ့ ဘဏ္ဍရေး ဖွံ့ဖြိုးတိုးတက်ရေးကော် မတီမှ အဖွဲ့ဝင်အဖြစ်မှ  ထုတ်ပယ်ခဲ့ရခြင်းဖြစ်တယ်လို့ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။ “အင်္ဂါနေ့က ပြည်ထောင်စုလွှတ်တော်မှာ ကျွန်တော်ဆွေးနွေးတယ်  လူကြီးတွေနဲ့ကျွန်တော်ကို သဘောထားမတူဘူး အဲ့ဒီမတူတဲ့အပေါ်မှာ  လူကြီးတွေက ခေါ်ပြီး သတိပေးပါတယ် ဒီဟာက အစိုးရက လက်ရှိသွားနေ တဲ့လမ်းကြောင်း အကျပ်အတည်းဖြစ်စေတယ်ပေါ့နော် အဲ့ဒီအတွက် ဒါက  မလုပ်သင့်ဘူးပေါ့နော် ကျွန်တော်ကတော့ သဘောရိုးနဲ့ဆွေးနွေးတာ  အစိုးရကိုလည်း အကျပ်အတည်းဖြစ်အောင် လုပ်တာမဟုတ်ဘူး  ကျွန်တော်ယုံကြည်တာကိုဆွေးနွေးတယ် အဲ့ဒီအတွက်လည်း  ကျွန်တော်နောင်တမရဘူး”လို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။ ပြည်သူ့လွှတ်တော် စီးပွားရေးနဲ့ ဘဏ္ဍရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ  အဖွဲ့ဝင်ဦးအောင်လှိုင်ဝင်းအစား ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းနဲ့ အစားထိုးခဲ့ပါတယ်။ ဦးအောင်လှိုင်ဝင်းဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်  အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရက သန်လျင်တံတားအမှတ် ၃ ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး ပြည်ပချေးငွေ ကိစ္စရပ် အား ဆွေးနွေးခဲ့ခြင်းလည်းဖြစ်ပါတယ်။ စိုင်းလမင်း(popular)

No comments:

Post a Comment