Wednesday, November 23, 2016

မသန်စွမ်းသူများတန်းတူအခွင့်အရေးရဖို့ဝိုင်းဝန်းကူညီကြရန်ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

မသန်စွမ်းသူမျာ့း  တန်းတူအခွင့်အရေးရဖို့ အားလုံးဝိုင်းဝန်းဖေးမကူညီကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ “အခြား သာမန်လို့ သတ်မှတ်ထားတဲ့လူတွေနဲ့ တန်းတူညီတူ အခွင့်အရေးရတယ်ဆိုတဲ့စိတ်ကို ဖြစ်စေချင်ပါတယ် ။ တန်းတူညီတူ အခွင့်အရေးဆိုတဲ့ အထဲမှာ ဥပမာအားဖြင့် လက်မသန်စွမ်းရင် လက်နှစ်ဖက်သန်စွမ်းသူများနဲ့ လုံးဝတူတယ်ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့ ။သို့သော်လည်း ကျွန်မတို့ နည်းအမျိုးမျိုးနဲ့ ဒီမသန်စွမ်းမှု့ကို ကျွန်မတို့ ဖေးမပေးနိုင်တယ် ၊ ဒီလိုပဲ ဥာဏ်ရည်မသန်စွမ်းဘူးဆိုရင်လည်း ဥာဏ်ရည်ထက်မြက်သူတွေနဲ့ တန်းတူအခွင့်အရေးရဖို့ဆိုတာ ဘေးကနေ၀ိုင်းပြီးတော့ ပံ့ပိုးပေးမှ ရပါလိမ့်မယ်”လို့ ၄င်းက ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC(2)မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ မသန်စွမ်းကလေးများအတွက် ပထမအကြိမ်ပညာရေးညီလာခံမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့တာပါ။
ဒါ့အပြင် မသန်စွမ်းသူများကို အထင်သေးသူများ ယနေ့ကမ္ဘာမှာ ရှိသေးတယ်လို့လည်း ၄င်းက ဆိုပါတယ်။
“မသန်စွမ်းတဲ့သူတွေက ဘာများ ကိုယ့်ပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်သလ။ဲ ဘယ်လိုကူညီနိုင်မှာလဲ ဘယ်လိုပံ့ပိုးနိုင်မှာလဲ ၀န်ထုပ်ဝန်ပိုးကြီးပဲလို့ ထင်နေတဲ့ သူတွေရှိပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အဆိုပါ ပွဲကို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ ပြည်ထောင်စုဝန်ကြီးများ NGO ၊ INGO တို့မှ ပုဂ္ဂိုလ်များနဲ့ မသန်စွမ်းကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။
စိုင်းလမင်း

No comments:

Post a Comment