Thursday, November 24, 2016

ပြင်သစ်-မြန်မာ ယဉ်ကျေးမှုချင်းမိတ်ဖက်ဆက်ဆံရေးအထိမ်း အမှတ်ကျင်းပမည့်မင်္ဂလာပါပွဲတော်တွင် ပြင်သစ်ရိုးရာရုပ်သေးရုပ်ကြီးနှစ် ရုပ်ဖြင့် ရန်ကုန်တွင် လှည့်လည်ဖျော်ဖြေမည်

ပြင်သစ်- မြန်မာ ယဉ်ကျေးမှုချင်းမိတ်ဖက်ဆက် ဆံရေး(၅၅)နှစ်မြောက် အထိမ်းအမှတ် အဖြစ်ကျင်းပမည့် မင်္ဂလာပါပွဲတော် တွင် ပြင်သစ်ရိုးရာ ရုပ်သေးရုပ်ကြီး နှစ်ရုပ်ဖြင့် လှည့်လည်ဖျော်ဖြေသွား မည်ဖြစ်ကြောင်း သိရသည်။ယင်းပွဲကျင်းပခြင်းနှင့်ပတ်သက် ၍ နိုဝင်ဘာ ၂၃ ရက်တွင် မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံ၌ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ကာ သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းပြုလုပ်သော အဆိုပါပွဲကို လာမည့် ဒီဇင်ဘာ ၂ ရက်မှ ၄ ရက် ထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပွဲတွင် ပြင်သစ်နှင့် မြန်မာအနုပညာ ရှင် ၁၀၀ ကျော်ပါဝင်ကာ ၀ါးတန်း ဆိပ်ကမ်း၊ မဟာဗန္ဓုလပန်းခြံ၊ ပြည် သူ့ရင်ပြင်နှင့် ဒလမြို့နယ်စသည့် အချက်အချာကျသော နေရာများ တွင် လှည့်လည်ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲတော်ဖြစ်မြောက်ရေး အတွက် ဆောင်ရွက်နေသည့် မင်္ဂလာ ပါပွဲတော်၏ အတွင်းရေးမှူး ရန်ကုန် တိုင်းဒေသကြီး ကရင်တိုင်းရင်းသား
ရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္စာမျိုး က ""ဒီပွဲတော်နီးတဲ့ အချိန်ကျရင် သွားမယ့် လမ်းကြောင်းတွေကို အသေးစိတ်ထုတ်ပြန်ပေး မှာဖြစ်ပါ တယ်""ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြင်သစ်အနုပညာရှင် Benoit Mousserion က ""ရုပ်သေးရုပ်က နှစ်ရုပ်ပါ။
မြန်မာပြည်မှာလက်ရှိ တည် ဆောက်နေတဲ့ တစ်ရုပ်ရယ်၊ ဒီဇင် ဘာလတစ်ရက်နေ့မှ ပြင်သစ်နိုင်ငံ ကရောက်လာမှာဖြစ်တဲ့ တစ်ရုပ်ရယ်။ အဲ့ဒါတွေနဲ့ ဦးဆောင်ပြီး လှည့်လည် ပြသမှာပါ။ မြန်မာက အနုပညာရှင် တွေနဲ
့ ပေါင်းပြီးတော့လည်း အခြား အနုပညာပြကွက်တွေ အများကြီးလည်း ပါမှာပါ""ဟု နိုဝင်ဘာ ၂၃ ရက်က ပြောသည်။
လှည့်လည်ပြသမည့် ရုပ်သေး ရုပ်ကြီးနှစ်ရုပ်မှ တစ်ရုပ်ကို အမျိုးသား ဇာတ်ရုံတွင် ပြင်သစ်နိုင်ငံမှ ကြိမ်အမျိုး အစားကိုအသုံးပြု၍ ပြင်သစ်ယဉ်ကျေး မှုဌာနမှ ပညာရှင်များနှင့် မြန်မာနိုင် ငံရှိကျောင်းများမှ ကျောင်းသား
ကျောင်းသူများ ပူးပေါင်းကာ ပုံဖော် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မင်္ဂလာပါပွဲတော်တွင် ရုပ်သေး ရုပ်နှစ်ရုပ်ဖြင့် လှည့်လည်မည့်အစီ အစဉ်အပြင် ဆပ်ကပ်၊ ဂီတနှင့် အက တင်ဆက်မှုများ၊ လမ်းပေါ်က အနုပညာ ရှင်များ၊ ဗီဒီယိုဆက်တွဲခြင်းများ၊ မီး ရှူးမီးပန်းဖောက်ခြင်းများ၊ ကပွဲများ ကိုလည်း တင်ဆက်ပြသသွားမည်ဖြစ် ကြောင်းသိရသည်။
HWA

No comments:

Post a Comment