Wednesday, November 30, 2016

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသို့ ရောက်ရှိ

စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း၏ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံသို့ ယနေ့(နိုဝင်ဘာ ၃၀ ရက်) နံနက်ပိုင်းက ထွက်ခွာသွားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် ၁၂နာရီ မိနစ် ၄၀ တွင် စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက  သတင်းထုတ်ပြန်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr. Vivian Balakrishnan ၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဌေးအောင် ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E.Mr. Chua Hian Kong Robert နှင့် မြန်မာသံရုံး/စစ်သံရုံး မိသားစုများက လေဆိပ်တွင် ခရီးဦးကြိုဆိုခဲ့ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment