Sunday, November 27, 2016

ခွင့်ပြုချက်မရှိသည့် စိုက်ပျိုးရေးသုံးဆေးဝါးများ ဈေးကွက်အတွင်းမရှိစေရန် မြို့နယ်များတွင် စစ်ဆေးကြပ်မတ်ရေးအဖွဲ့များ ဖွဲ့စည်းမည်

ခွင့်ပြုချက်မရှိသည့် စိုက်ပျိုးရေးသုံး ဆေးဝါးများဈေး ကွက်အတွင်း ရောင်းချမှု မရှိစေ ရေးအတွက် မြို့နယ်များတွင် စစ် ဆေးကြပ်မတ်ရေးအဖွဲ့များ ဖွဲ့ စည်းကာ  ပုံမှန်စစ်ဆေးမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း အောင်လံမြို့နယ် စိုက်ပျိုးရေးဦး စီးဌာနရုံးမှ သတင်းရရှိသည်။ နိုဝင်ဘာ ၂၅ ရက်က မကွေး တိုင်းဒေသကြီးလွှတ်တော် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းများဆိုင်ရာကော်မတီဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင်များနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်ရှင်များတွေ့ဆုံပွဲအခမ်းအနားတွင် ဦးစီးအရာရှိက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ‘‘မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံး ကလည်း စာတွေထွက်ထားတာရှိ တယ်။ ဒါကို သေသေချာချာကို စစ်ဆေး အရေးယူသွားမှာ ဖြစ်ပါ တယ်။ စိုက်ပျိုးရေးသုံး ဆေးဝါး တွေက အရည်အသွေး မပြည့်မီ တာတွေ၊ အသုံးမပြုသင့်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေရင် ထိခိုက် မှုများစွာရှိတယ်။ ဒါကြောင့် တရားမ၀င်စိုက်ပျိုးရေးသုံးဆေးဝါးတွေ မရှိစေဖို့ မြို့နယ်မှာ စစ်ဆေးကြပ် မတ်ရေးအဖွဲ့တွေ ဖွဲ့စည်းသွားပြီး လုပ်ဖို့ရှိတယ်’’ဟု ဦးစီးအရာရှိက ပြောသည်။



ယင်းအဖွဲ့တွင် မြို့နယ်အုပ် ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးက အတွင်းရေးမှူး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြေစာရင်းဌာနတို့လည်း ပါဝင်မည်ဟု သိရသည်။

ဈေးကွက်အတွင်း တရားမ ၀င်လိုင်စင်မဲ့ စိုက်ပျိုးရေး ဆေး ရောင်းချမှုများ၊ ခွင့်ပြုချက် မရှိ သည့် အကောက်ခွန်မဲ့စိုက်ပျိုးရေး သုံးဆေးဝါးများ၊ ဓာတ်မြေသြဇာ များရောင်းချမှုမရှိစေရေး အဓိက ထားဆောင်ရွက်ရန်ရှိနေပြီး ဥပဒေအရ တရားစွဲဆိုသည်အထိ အရေးယူမည်ဟု ဆိုသည်။

ဒေသခံ တောင်သူအများစု သည် ဈေးသက်သာသော စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးကိုသာ အများစု ၀ယ်ယူအ သုံးပြုနေကြသဖြင့် စိုက်ပျိုးရေး ဆေးဆိုင်အများစုမှာ ဈေးကွက် လိုအပ်ချက်အရ ဈေးသက်သာ သော တရုတ်ဖြစ်ဓာတ်မြေသြဇာ များကိုသာ အများဆုံးရောင်းချနေ ရပြီး မန္တလေးအရောင်းဒိုင်များ မှ ၀ယ်ယူရောင်းချရကြောင်း အောင်လံမြို့မှ စိုက်ပျိုးရေးဆေး ဆိုင်ရှင် ဦးစောဝင်းက ပြောကြားသည်။ လင်းသက်နိုင်

No comments:

Post a Comment