Thursday, November 24, 2016

ဒေါ်လာဈေးနှင့်အတူထိုင်းဘတ်ငွေဈေးဆက်လက်မြင့်တက်လာခြင်းကြောင့်မြ၀တီမြို့တွင် ကုန်ဈေးနှုန်းအချို့မြင့်တက်နေ

ုမြန်မာ-ထိုင်း နယ်စပ် မြ၀တီမြို့မှ နယ်စပ်ကုန် သွယ်မှု ပုံမှန်စီးဆင်းနေသော်လည်း ဒေါ်လာဈေးနှင့်အပြိုင် ထိုင်းဘတ် ငွေဈေး စံချိန်တင်ဆက်လက်မြင့် တက်လာခြင်းကြောင့် ဒေသတွင်းဈေး ကွက်၌ ကုန်ဈေးနှုန်းများပါလိုက်ပါ မြင့်တက်လာကြောင်းသိရသည်။မြန်မာကျပ်ငွေနှင့် ထိုင်းဘတ် ငွေ နှစ်မျိုးစလုံးဖြင့် သုံးစွဲလျက်ရှိ သည့် မြ၀တီမြို့တွင် ထိုင်းကုန်ပစ္စည်း များအားထိုင်းဘတ်ငွေဖြင့်သာမဲ ဆောက်ဘက်မှ ၀ယ်ယူရသော် လည်း မြ၀တီမြို့ပေါ်၌ မြန်မာငွေဖြင့် ပြန် ရောင်းသည့်အခါ ထိုင်းငွေဈေးမြင့် တက်မှုကြောင့် ဈေးနှုန်းကွာခြား လျက်ရှိသည်။ေ အာက်တိုဘာလနှင့် နိုဝင်ဘာ လ ဆန်းပိုင်းမှစတင်၍ ထိုင်းဘတ် ငွေဈေး ဆက်တိုက်မြင့်တက်လာပြီး နိုဝင်ဘာ ၂၃ ရက်တွင် ထိုင်းဘတ် ငွေဈေးမှာ ကျပ် တစ်သိန်းလျှင် ဘတ် ၂၆၆၀၊ (ဘတ် ၁၀၀ လျှင် မြန်မာကျပ်ငွေ ၃၇၆၀) အထိ မြင့် တက်သွားခဲ့ကာ ဘတ်ငွေဈေး မြင့် တက်လာမှုကြောင့် ထိုင်းနိုင်ငံထုတ် ရွှေဈေးမှာ ထိုင်းရွှေတစ်ဘတ်သား လျှင် ဘတ် ၂၂၀၅၀ မြန်မာငွေနှင့် ကျပ် ၈၁၆၀၀၀ ဈေးရှိပြီး မြန်မာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၈၆၅၀၀၀ ဖြင့်ရောင်းဝယ်နေ ရသည်။

ထိုင်းဘက်မှာက ထိုင်းဘတ် ငွေနဲ့သာဝယ်ရတာဖြစ်လို့ ဈေးမ တက်ဘူး။ ဒါပေမဲ့ မြ၀တီမှာက မြန် မာငွေနဲ့ပြန်တွက်ပြီးရောင်းရတာ
ကြောင့် မြန်မာငွေတန်ဖိုးကျတော့ ဈေးတက်တယ်လို့ပြောကြတာပါ။ ထိုင်းဘတ်ငွေဈေးက အရင်အောက် တိုဘာလလောက်က ၂ ဒသမ ၈၅ ရှိခဲ့ရာက ဒီနေ့ နိုဝင်ဘာ ၂၃ ရက် နေ့မှာ ၂ ဒသမ ၆၆ ဖြစ်သွားတော့ ကုန်ပစ္စည်းတွေမြင့်တက်သွားတာ ပေါ့""ဟု မြ၀တီမြို့မှ ကုန်ပစ္စည်းအ ရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။
မြ၀တီမြို့တွင် ထိုင်းငွေဈေး မြင့်တက်ခဲ့မှုကြောင့် ၁၀ ပိဿာဝင် ဆီတစ်ပုံးမှာ ယခင်က ကျပ် ၁၈၅၀၀ ရှိခဲ့ရာမှ နိုဝင်ဘာ ၂၃ ရက်တွင် ကျပ် ၁၉၈၀၀ အထိ ဈေးမြင့်တက် ခဲ့ပြီး ဆန်ဈေးနှုန်းမှာ ဖျာပုံပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၁၇၀၀၊ ပေါ် ကျွဲတစ်ပြည်လျှင် ကျပ် ၁၁၀၀၊ ဧည့် မထဆန်တစ်ပြည်လျှင် ကျပ် ၉၀၀ ဈေးနှုန်းရှိနေသည်။
ယခုအခါ ကုန်သည်အချို့သည် မြ၀တီမြို့၌ အချိုရည်၊ ဆပ်ပြာမှုန့်၊ စားဆီ၊ မားမားခေါက်ဆွဲ၊ ငါးသေတ္တာ၊ နို့ဆီ၊ နို့စိမ်းနှင့် စားသုံးကုန်များ အ ရောင်းအ၀ယ်အေးနေပြီး ကုန်သည် အချို့သည် ထိုင်းကုန်ပစ္စည်းများ အ၀ယ်ကို ရပ်ထားရကြောင်း သိရ သည်။
KKTM

No comments:

Post a Comment