Friday, November 18, 2016

ရွေးကောက်ပွဲတွင်ရှုံးခဲ့သည့် ဟီလာရီကလင်တန်က အိမ်တွင်းအောင်းကာ စာအုပ်တစ်အုပ်ဖြင့် အချိန်ကုန်

ပြီးခဲ့သည့် သီတင်းပတ် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသည့် ဟီလာရီကလင်တန်က ပထမဆုံး လူမြင်ကွင်း ထွက်လာကာ ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းအတွက် စိတ်ပျက်စိတ်ထိခိုက်ဖြစ်ရသည်ကို ဖွင့်ထုတ်ပြောသည်။ ဝါရှင်တန်ဒီစီတွင် မိန့်ခွန်းတစ်ရပ် ပြောကြားမှု၌ ဟီလာရီကလင်တန်က အိမ်ပြင်ထွက်လိုစိတ် မရှိဖြစ်ခဲ့ကြောင်း ပြောသည်။ေ ရွးကောက်ပွဲက များစွာသော အမေရိကန်များအတွက် စိတ်ဓာတ်ခံယူချက်ကို ရှာဖွေဖို့ရန် စေ့ဆော်လိုက်ကြောင်း ဟီလာရီက ကလေးသူငယ်စောင့်ရှောက်ရေးအသင်းတစ်ရပ်တွင် ပြောသည်။ ဟီလာရီကလင်တန်သည် လူကြိုက်များမှုမဲ popular vote တွင် အနိုင်ရသော်လည်း အဓိကပြည်နယ်မဲ electoral vote တွင် ရှုံးခဲ့ခြင်းဖြစ်သည်။ “အခုပွဲကို တက်ရောက်ဖို့အတွက်လည်း ကျွန်မအတွက် လွယ်လွယ်ကူကူတော့ တက်ရောက်နိုင်တာ မဟုတ်ပါ။”ဟု ကလေးများ ကာကွယ်ရေးရန်ပုံငွေအဖွဲ့၏ ဂုဏ်ပြုပွဲ၌ ဟီလာရီက ပြောသည်။ “ကုန်ခဲ့တဲ့ သီတင်းပတ်မှာ စာအုပ်ကောင်းတစ်အုပ်နဲ့ အိမ်ထဲမှာပဲ နေနေခဲ့ရတာဖြစ်ပါတယ်။”ဟု ဟီလာရီက ပြောခဲ့သည်။

No comments:

Post a Comment