Saturday, November 19, 2016

ကုန်ဈေးနှုန်းကို ထိန်းချုပ်ခြင်းထက် ဝိုင်းဝန်းအဖြေရှာရန် ပညာရှင်များအကြံပြု

ဈေးကွက်စီးပွားရေး စနစ်တွင် သီအိုရီအရ ကုန်ဈေး နှုန်းမြင့်တက်မှုကို အစိုးရက တိုက်ရိုက်ထိန်းချုပ်ခွင့် မရှိသော် လည်း ဗဟိုဘဏ်အပါအဝင် စီး ပွားရေးနှင့် သက်ဆိုင်သည့် ဝန် ကြီးဌာနများ ပူးပေါင်း၍ အဖြေ ရှာသင့်ကြောင်း စီးပွားရေးပညာ ရှင်များက အကြံပြုပြောကြား သည်။ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းချုပ်ပေးရန် အစိုးရက ဆောင်ရွက်ပေးရေးအစီအစဉ်ကို လွှတ်တော်က စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား မေး မြန်းခဲ့သည်။ ထိုသို့မေးမြန်းရာတွင် စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ကုန်ဈေးနှုန်းကြီးမြင့်မှု ကို ဈေးကွက်စီးပွားရေးစနစ်၌ အစိုးရက ထိန်းချုပ်ရန် မဖြစ်နိုင် ကြောင်းနှင့် ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ်တွင်သာ မူ တည်နေကြောင်း ဖြေကြားသည်။‘‘မေးတဲ့မေးခွန်းနဲ့ ဖြေတဲ့ ဝန်ကြီးဌာနက မကိုက်ဘူးဖြစ်နေ တယ်။ အမှန်တကယ်ဖြေသင့်တာ က စီမံဘဏ္ဍာဝန်ကြီးဌာနပါ’’ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်း က ပြောသည်။



ကုန်ဈေးနှုန်းပြဿနာသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သဖြင့် ဝန်ကြီးဌာနတစ်ခုတည်း ဆောင် ရွက်၍မရနိုင်ကြောင်း၊ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့က မူဝါဒ ချမှတ်ဆောင်ရွက်ရ မည့် ပြဿနာမျိုးဖြစ်ကြောင်း စီး ပွားရေးပညာရှင် ဦးဇော်ဖေဝင်း က အကြံပြုပြောကြားသည်။

‘‘ဈေးကွက်စီးပွားရေးမှာ အစိုးရက တိုက်ရိုက်ဝင်ထိန်းလို့ မရဘူး။ ဝယ်လိုအားနဲ့ ရောင်းလို အားအတိုင်းပဲ။ ဒါပေမဲ့ ကုန်ဈေး နှုန်းကြီးမြင့်မှု အကြောင်းရင်းကို တော့ ထိန်းလို့ရတယ်’’ဟု စီးပွား ရေးပညာရှင် ဒေါက်တာအောင် ကိုကိုက ပြောကြားသည်။

ကုန်သွယ်မှုလိုငွေများနေ ခြင်း၊ အစိုးရဘတ်ဂျက် လိုငွေများ နေခြင်းတို့ကြောင့် အရန်နိုင်ငံခြား ငွေပမာဏ လျော့နည်းပြီး ကျပ် ငွေတန်ဖိုး ကျဆင်းလာခြင်း ကြောင့် ငွေကြေးဖောင်းပွမှုများ ပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း ဖြစ်ကြောင်း ဒေါက်တာအောင် ကိုကိုက ဆက်လက်ပြောသည်။

မြန်မာကျပ်ငွေတန်ဖိုး ကျ ဆင်းမှုကို တည်ငြိမ်အောင်ပြုနိုင် ရန် အစိုးရအနေဖြင့် လှည့်လည် သုံးစွဲနေသော ငွေကြေးများထဲသို့ ငွေကြေး ထပ်မံထည့်ဝင်သည့် အစိုးရဘတ်ဂျက် အသုံးစရိတ်ကို များစွာ တိုးမြှင့်မှုများ မပြုလုပ် သင့်ကြောင်း ဒေါက်တာအောင် ကိုကိုက အကြံပေးသည်။

‘‘အရင်ခေတ် အစိုးရတွေက ကုန်ဈေးနှုန်းကြီးရင် တိုက်ရိုက် ဝင်ပါခဲ့တယ်။ ဈေးနှုန်းချဖို့ အမိန့် တွေထုတ်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ မှောင်ခိုတွေ များလာတယ်။ ကုန်ဈေးနှုန်းကို တိုက်ရိုက်အမိန့်ပေးလို့ မရဘူး’’ ဟု ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်ကပြောသည်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုသည် ငွေလဲနှုန်း အပြောင်းအလဲ မြန်ဆန်မှု၊ ကုန်သွယ်မှုလိုငွေ ကြီးမားမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဝင်လျော့နည်းမှု စသည့် အကြောင်းတရားများကြောင့် ဖြစ်ကြောင်း ဦးသန်းလွင်က ပြောသည်။ ထို့ကြောင့် အဆိုပါ အကြောင်းရင်းများကို အစိုးရအဖွဲ့ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ အဖြေရှာသင့်သည်ဟု ဦးသန်းလွင်က အကြံပြုသည်။

‘‘ကုန်ဈေးနှုန်း မြင့်တက်ပြီး ပြည်သူတွေ ဆင်းရဲပြီး အခက် အခဲဖြစ်ရင် ဈေးကွက်စီးပွားရေး ဖြစ်ပါစေ အစိုးရအနေနဲ့ နည်း လမ်းရှာပြီး ပါဝင်သင့်ပါတယ်’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။ ဈေးကွက်စီးပွားရေးစနစ်သည် အရင်းရှင် စီးပွားရေးစနစ်တွင် အခန်းကဏ္ဍတစ်ခုအဖြစ် သာ ပါဝင်သဖြင့် အခက်အခဲကြုံ တွေ့ပါက သီအိုရီအရ ဆောင် ရွက်ခြင်းထက် လက်တွေ့ပိုင်း တွင် ပါဝင်သင့်သည်ဟု ဦးလှ မောင်က ဆိုသည်။

ဈေးကွက်စီးပွားရေးစနစ်ကို စတင်အကောင်အထည်ဖော် သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ် သည့် အင်္ဂလန်နိုင်ငံတွင်လည်း ၁၉၆၆ က ကုန်ဈေးနှုန်းများ ကြီး မားခဲ့ခြင်းကြောင့်  အစိုးရက ဥပဒေထုတ်ပြန်ပြီး စီးပွားရေးကဏ္ဍတွင် ပါဝင်ခဲ့ရဖူးကြောင်း ပညာ ရှင်များက ပြောသည်။

အစိုးရ အနေဖြင့် စီးပွားရေး ကဏ္ဍသို့ ဝင်ရောက်ရာတွင် လုံ လောက်သည့် ငွေကြေးပမာဏ၊ နိုင်ငံခြား အရန်ငွေ၊ မှောင်ခိုဈေး ကွက်မဖြစ်စေရန် စည်းကမ်း တကျ သေချာစွာ ချမှတ်ထားမှု များလည်း လိုအပ်ကြောင်း ဦးလှ မောင်က အကြံပြုသည်။ ပြည်သိမ်း

No comments:

Post a Comment