Monday, November 28, 2016

အိမ်ရှင်နိုင်ငံဝန်ထုပ်ဝန်ပိုးမဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှားသို့ အလည်အပတ်ခရီးသွားရောက်တော့မည် မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနဆို

အိမ်ရှင် နိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေ ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သည် အင်ဒို နီးရှားသို့ အလည်အပတ်ခရီးသွား ရောက်တော့ မည်မဟုတ်ကြောင်း နိုင်ငံ ခြားရေး ၀န်ကြီးဌာနမှသိရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာ ပူခရီးစဉ်နှင့်အတူ အင်ဒိုနီးရှားနိုင်ငံ သို့တစ်ပါတည်း သွားရောက် ရန် ဆွေး နွေးညှိနှိုင်းခဲ့သော်လည်း အင်ဒိုနီးရှား နိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေ များကြောင့် အင်ဒိုနီးရှားသို့ သွားရောက် တော့ မည်မ ဟုတ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။ " အင်ဒိုနီးရှားခရီးစဉ်ကို လက် ရှိအနေအထားအရတော့ သွားလို့မ ဖြစ်ဘူး။ မဖြစ်ဘူးဆိုတာကလည်း ကျွန်တော်တို့သွားလိုက် လို့အိမ်ရှင်တွေ အတွက် လည်း ၀န်ထုပ်ဝန်ပိုး မဖြစ်ဖို့ ကျွန်တော်တို့စဉ်းစားရပါ တယ် " ဟု ဒီမိုကရေစီတူဒေးသို့ နိုဝင် ဘာ ၂၇ ရက်က ပြောသည်။

ပြီးခဲ့သည့်လအတွင်း အင်ဒိုနီး ရှားဝန်ကြီးတစ်ဦး မြန်မာနိုင်ငံသို့ လာရောက် စဉ် အင်ဒိုနီးရှားသမ္မတ က ဒေါ်အောင်ဆန်းစုကြည် အား အင် ဒိုနီးရှားသို့ အလည်အပတ်ခရီးလာ ရောက်ရန် ဖိတ်ကြားမှုကို လက်ခံရ ရှိခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားခရီးစဉ်ပျက်ပြယ် ခဲ့သော်လည်း စင်ကာပူနိုင်ငံဝန်ကြီး ချုပ်၏ဖိတ်ကြားချက်အရ စင်ကာပူ နိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင် ဘာ၂ ရက်အထိသွားရောက်မည် ဖြစ် ပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု များပိုမိုမြှင့်တင်ရေးကို အဓိကဆွေးနွေး သွား မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စင်ကာပူလုပ်ငန်းရှင် များနှင့်လည်း တွေ့ဆုံဆွေးနွေးသွား ရန်စီစဉ်ထားကြောင်း ဦးကျော်ဇေ ယျက ပြောသည်။
အင်ဒိုနီး ရှားနိုင်ငံ ရှိ မြန်မာသံ ရုံးကို ဗုံးခွဲရန်ကြံစည်ထားသူတစ်ဦး အားဗုံးလုပ်ရာ တွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ အင်ဒိုနီးရှားရဲ များက ဖမ်းဆီးထားကြောင်း နိုဝင် ဘာ ၂၆ ရက်တွင် Reuters သတင်း ဌာနကဖော်ပြ ခဲ့ပြီး ဖမ်းဆီး ရမိသော ဖောက်ခွဲရေးပစ္စည်းများမှာ ၂၀၀၂ ခုနှစ်က ဘာလီနိုက်ကလပ်တွင်လူ ၂၀၂ ဦးသေဆုံးခဲ့ရသည့် ဗုံးအမျိုး အစားထက်နှစ်ဆပြင်းအားကြီး ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။
ထို့အပြင် နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျ ကာတာမြို့ ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြမှုများဆက်တိုက်ဖြစ်ပေါ်နေ သဖြင့် အင်ဒိုနီးရှား အစိုးရက လုံခြုံ ရေးအင်အား ၃၀၀ ကျော်အထိတိုး မြှင့်ချ ထားခဲ့ရသည်။
HWA

No comments:

Post a Comment