Saturday, November 19, 2016

ဘရာဇီးတွင် ဆန္ဒပြသူများက ကွန်ဂရက် လွှတ်တော်ထဲသို့ ဝင်ရောက် ဖျက်ဆီး၍ စစ်အာဏာသိမ်းရန် တောင်းဆို

ဘရာဇီးနိုင်ငံ ဘရာဆီလီယာတွင် နိုဝင်ဘာ ၁၆ ရက်က ကွန်ဂရက်လွှတ်တော်ထဲသို့ ဆန္ဒပြသူအချို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး အောက် လွှတ်တော်အဆောက်အအုံ၏မှန် ပြတင်းများကို ရိုက်ခွဲဖျက်ဆီးခဲ့ ကြောင်း၊ ၎င်း တို့သည် ဘရာဇီးစစ်တပ်မှ အာဏာသိမ်းရန် တောင်းဆိုခဲ့ကြောင်း ဘရာဇီးရုပ်သံသတင်းများအရ သိရသည်။ အကြမ်းဖက်ဆန္ဒထုတ်ဖော် သူ ၄ဝ ခန့်သည် ဘရာဇီးအောက် လွှတ်တော်အဆောက်အအုံအတွင်းသို့ လုံခြုံရေး အစောင့်များကိုဖြတ်ကျော် ဝင်ရောက်၍ စစ်တပ်မှအာဏာသိမ်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ကွန်ဂရက်လွှတ်တော်အတွင်းသို့ ကျူးကျော်ဝင်ရောက်သူအားလုံးကို ဘရာဇီးရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေး နေကြောင်း၊ ၎င်းတို့ဝင်ရောက်ဖျက်ဆီးစဉ်တွင် ကွန်ဂရက်လွှတ်တော် ရပ်နားထားချိန်ဖြစ်သောကြောင့် လုံခြုံရေး အစောင့်အနည်းငယ်သာရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ဘရာဇီးနိုင်ငံသည် ၁၉၆၄ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ အာဏာရှင်လက်ထဲကျရောက်ခဲ့သည်။
လက် ရှိအချိန်တွင် ဘရာဇီးနိုင်ငံတွင်း အကျင့်ပျက်ခြစားမှု ကျယ်ပြန့်လာခြင်း နှင့်စီးပွားရေးကျဆင်းလာခြင်းကြောင့် အချို့ ဘရာဇီးနိုင်ငံသားများသည် စစ်တပ်အာဏာသိမ်းခြင်းကို ထောက်ခံလာကြောင်းသိရသည်။ ယင်းအ ခြေအနေမှာ စိုးရိမ်စရာကောင်း ကြောင်း၊ စစ်အာ ဏာရှင်ခေတ်ဆိုး ခေတ်ကျပ်ဆီသို့ပြန်သွားနေခြင်းဖြစ် ကြောင်း ကွန်ဂရက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Betinho Gomes ကပြောသည်။
အကြမ်းဖက်ဆန္ဒပြသူများ၏ လုပ်ရပ်သည် စော်ကားမှုတစ်ရပ် ဖြစ်ပြီး ဒီမိုကရေစီစနစ်တည်ရှိမှုကို ပျက်သုဉ်းစေရန် အကြမ်းဖက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သမ္မတ Michel Temer ၏ပြောရေးဆိုခွင့်ရှိသူ Alexandre Parola ကပြောသည်။ နိုဝင်ဘာ ၁၆ ရက်တွင် အစိုးရဘတ်ဂျက်လျှော့ချခြင်းကို မကျေနပ်သော ကျောင်းဆရာများ၊ ရဲအရာရှိများအပါအဝင် အစိုးရဝန်ထမ်း ၂ဝဝဝ ခန့် ရီယိုဒီဂျနေရိုးမြို့တွင် ဆန္ဒပြခဲ့ သဖြင့် ရဲလုံခြုံရေးအဖွဲ့ များက ဆန္ဒပြပွဲကို တားဆီးနှိမ်နင်းခဲ့ရကြောင်းသိရသည်။ ဘရာဇီး နိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးမ တည်ငြိမ်မှုဖြစ်ပွားနေပြီး သြဂုတ်လတွင် အိုလံပစ်အားကစားပွဲကျင်းပခဲ့သောကြောင့် အစိုးရဘတ်ဂျက် လျော့နည်းလာသဖြင့် အစိုးရ၏အသုံးစရိတ်များလျှော့ချဖြတ်တောက်ရန် သမ္မတ Temer ၏အစိုးရအဖွဲ့ ကပြင်ဆင်ခဲ့သည်။
Ref: AFP

No comments:

Post a Comment