Monday, November 21, 2016

"ရှမ်းပြည်မြောက်ပိုင်းဒေသများသို့ သွားလာခြင်း ဆိုင်းငံ့ရန မြောက်ပိုင်းမဟာမိတ်အဖွဲ့ထုတ်ပြန် "

စစ်ရေးလှုပ်ရှားမှုကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ခရီးသွားလာခြင်းများ ခေတ္တဆိုင်းငံ့ကြပါရန် ပြည်သူလူထုအား မေတ္တာရပ်ခံ ပန်ကြားကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က နိုဝင်ဘာလ၂၁ရက်စွဲဖြင့်  ထုတ်ပြန်လိုက်သည်။ စစ်မှန်သည့်ငြိမ်းချမ်းရေးကို အထူးလိုလားပြီး နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဆန္ဒအပြည့်ရှိသော်လည်း တပ်မတော်မှ စစ်ရေးဖိအားများကြောင့် ယခု့ကဲ့သို့ ပူးပေါင်းစစ်ဆင်ရေးများကို မလွဲမရှောင်သာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း KIA၊ TNLA၊ AAနှင့်ကိုးကန့်အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "ကျွန်တော်တို့မေတ္တာရပ်ခံချင်တာ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ သွားလာလှုပ်ရှားတာမျိုးတွေ အတတ်နိုင်ဆုံးရှောင်ရှားပေးပါ၊ တိုက်ပွဲဖြစ်တဲ့ဒေသမှာ နေတဲ့လူထုတွေလည်း ကျွန်တော်တို့အသံကို နားထောင်ပြီး သွားလာဖို့သင့်မသင့် အတတ်နိုင်ဆုံး တိုက်ပွဲကို ရှောင်ကြပါလို့ မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်" ဟုTNLA အထွေထွေအတွင်းရေးမူး ဗိုလ်မူးကြီးတာဘုန်းကျော်ကပြောသည်။

No comments:

Post a Comment