Saturday, November 26, 2016

သစ်တောမြေတွင် စိုက်ပျိုးထားသည့် စပါးများအား နိုင်ငံတော်က အရန်ဆန်အဖြစ် သိမ်းဆည်းထားခြင်းကြောင့် ဖြေရှင်းပေးရန် ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူအချို့ နေပြည်တော်သို့ လာရောက်တောင်းဆို

သစ်တောမြေတွင် စိုက်ပျိုးထားသည့် စပါးများအား နိုင်ငံတော်က အရန်ဆန်အဖြစ် သိမ်းဆည်းထားခြင်းကြောင့် အဆိုပါပြဿနာ အားဖြေရှင်းပေးရန် ဧရာဝတီတိုင်းမှ တောင်သူအချို့ နေပြည်တော်ကောင်စီသို့ နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်သို့ လာရောက် တောင်းဆိုခဲ့ကြောင်း သိရသည်။ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားသည့် စပါးများအား သစ်တောမြေပေါ်တွင် စိုက်ပျိုးထားသည့်အတွက် စပါးရိတ်သိမ်း ရာသီချိန်တွင် သက်ဆိုင်ရာက စပါးပင်များအား မည်သူမျှ ရိတ်သိမ်းခွင့်မပြုဘဲ ဧရာဝတီတိုင်း ဒေသကြီး အစိုးရက ရိတ်သိမ်းကာ အရန်ဆန်အဖြစ် ထားရှိမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန် ထားသည့်အတွက် နေပြည်တော်ကောင်စီသို့ လာရောက်ရခြင်းဖြစ်ကြောင်း တောင်သူများက ပြောကြားသည်။

No comments:

Post a Comment