Tuesday, November 29, 2016

ရွှေနန်းတော်ယဉ်ကျေးမှုပြတိုက် အဆင့်မြှင့်တင်နေသောကြောင့် ၂၀၁၇ မတ်လ ၂၁ နောက်ပိုင်းမှသာပြန်ဖွင့်မည်

မန္တလေး မြနန်းစံကျော်ရွှေနန်းတော်အနောက် ဘက်ပိုင်း အနောက်စမုတ်ဆောင် အတက် လှေကားထိပ်တွင်ဖွင့်လှစ် ထားသည့် ရွှေနန်းတော်ယဉ်ကျေး မှုပြတိုက်အား အဆင့်မြှင့်တင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေ သောကြောင့် ဆောင်ရွက်ဆဲကာ လတွင် ပြတိုက်သို့ဝင်ရောက်လေ့လာကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ြ မနန်းစံကျော်ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက်ကို ၁၉၆၃ ခုနှစ် မန်းရာပြည့်ပွဲတော်ကျင်းပရေးကော် မတီက ယဉ်ကျေးမှုဝန်ကြီးဌာန၏ အကူအညီကိုရယူကာ မန္တလေး နန်းမြို့တွင်းရှိ နန်းခုံပေါ်တွင် ပြတိုက် တစ်ခုအဖြစ်တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုတွင် ယဉ်ကျေးမှုဝန်ကြီး ဌာန ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန၏ ပြတိုက်ခွဲတစ်ခုအဖြစ် မှန်နန်းဆောင် ပြတိုက်အမည်ဖြင့် ဖွင့်လှစ်ခဲ့သည်။

ယခုအခါ မြနန်းစံကျော်ရွှေနန်း တော် ယဉ်ကျေးမှုပြတိုက်
အမည် ဖြင့်ပြောင်းလဲခဲ့ပြီး ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦး စီးဌာန၏ လက်အောက်တွင်ရှိကာ နန်းတွင်းအသုံးအဆောင်ပစ္စည်း များ၊ မှူးကြီးမတ်ကြီးများ၏ ပုံစံ တူရုပ်တုများ၊ အ၀တ်အထည်များ ကို ခင်းကျင်းပြသထားကြောင်း သိ ရသည်။
ပြတိုက်ကိုအဆင့်မြှင့်တင်ရာ တွင် ပြတိုက်သန့်ရှင်းရေးဆောင် ရွက်ခြင်း၊ သစ်လွင်ရေးအတွက် မူလ လက်ရာမပျက် ထိန်းသိမ်းခြင်း၊ ဆေး သုတ်ခြင်း၊ အတွင်းမှန်ဘီရိုများအသစ်လဲလှယ်ခြင်းများကို အကြီးစား ပြုပြင်လုပ်
ငန်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ရာ ပြတိုက်အ ဆင့်မြှင့်တင်လုပ်ငန်းများ အချိန်ယူ ဆောင်ရွက်မည်ဖြစ်သဖြင့် ပြတိုက် ကို ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက် အထိ ပိတ်ထားမည်ဖြစ်သည်။
DW

No comments:

Post a Comment