Saturday, November 19, 2016

လီဗာပူးလ်တွင် ကော်တင်ဟို အချိန်ကြာကြာ ဆက်နေမည်ဟု ကလော့ပ် ယုံကြည်

လီဗာပူးလ်တွင် ဖိလစ်ပီ ကော်တင်ဟို၏ အနာဂတ် ရှည်လျားစွာ ဆက်ရှိနေမည်ဟု ယုံကြည်ကြောင်း မန်နေဂျာ ယာဂင်ကလော့ပ်က ပြောကြားခဲ့သည်။ အသက်(၂၄)နှစ်ရှိ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ် တိုက်စစ်သမားသည် အန်းဖီးလ်တွင် အထူးတလည် ခြေစွမ်းပြ ကစားနေသည့်နောက် ဘာစီလိုနာက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ကော်တင်ဟိုသည် ယခုရာသီတွင် လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်၌ (၅)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်ပေးထားသည်။ ကလော့ပ်က ဘာစီလိုနာနှင့် ကောလာဟလများ ထွက်ပေါ်နေသည့်တိုင် ကော်တင်ဟို၏ အနာဂတ်အတွက် စိတ်ပူ မနေကြောင်း ဆိုသည်။

ဂျာမန်သား မန်နေဂျာက “ကျွန်တော့်အမြင်ကို ပြောရရင်တော့ ကော်တင်ဟို ဟာ လက်ရှိအသင်းမှာ အရမ်းအံဝင်ခွင်ကျ ဖြစ်နေပါပြီ။ သူ့အနာဂတ်ကလည်း လီဗာပူးလ်မှာပဲ ရှေ့ဆက်မယ်လို့ အားလုံးက မျှော်လင့်နေ တယ်။ နောက်တစ်ခု လူတွေ မေ့နေတာက သူ့အသက် ငယ်ငယ်လေးပဲ ရှိသေးတယ် ဆိုတာပါ။ အသက်(၂၄)နှစ်လောက်မှာ သူ့အတွက် ရှေ့ဆက်ရမယ့် တိုးတက်စရာ လမ်းကြောင်းတွေ အများကြီး ကျန်နေပါသေး တယ်။ လက်ရှိ အနေအထားမှာ သူဟာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံပိုင်းကို တိုးမြှင့် ဖြည့်တင်းနေရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်မှာ ရှိနေတဲ့ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုတွေကြောင့် သူက ကောင်းသထက် ကောင်း လာပါလိမ့်မယ်။ ဒါဟာ သူ့အတွက် အရေးကြီးတယ်ဆိုတာ ကော်တင်ဟိုလည်း နားလည်မှာပါ”ဟု ပြောကြားသွားခဲ့သည်။

No comments:

Post a Comment