Monday, November 28, 2016

သက်ငယ်မုဒိမ်းမှုများကို ဆန့်ကျင်လှုပ်ရှားမှု ပြည်မြို့တွင် ပြုလုပ်

 ကလေးသူငယ်များ မတရားပြုကျင့်ခံရမှုများ၊ သက်ငယ်မုဒိမ်း မှုများကို ဆန့်ကျင်သည့် လှုပ်ရှား မှုတစ်ရပ်ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် နိုဝင်ဘာ ၂၇ ရက် က ပြုလုပ်ခဲ့သည်။ ကလေးသူငယ်များ မတရား ပြုကျင့်ခံရမှုများ၊ မုဒိမ်းမှုများ ရပ် တန့်စေရန်နှင့် ဖြစ်ပေါ်လာသည့် အမှုများတွင်လည်း မျှတသည့် ပြစ်ဒဏ်ချမှတ်နိုင်ရေး ရည်ရွယ်၍ အဆိုပါလှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်သည်ဟု သက်ငယ် မုဒိမ်းမှုများကို ဆန့်ကျင်သည့် လှုပ်ရှား ဆောင်ရွက်သူများက ပြောသည်။ ‘‘အဓိကကတော့ သက်ငယ် မုဒိမ်းမှုတွေ ရပ်တန့်သွားစေဖို့မှာ ပြည်သူလူထု ပူးပေါင်းပါဝင်လာ စေဖို့ စတစ်ကာတွေ၊ လက်ကမ်း စာစောင်တွေ ဝေတယ်။ ကလေး သူငယ်တွေကိုလည်း မိမိအနား ကို လူကြီးတွေကပ်လာရင် ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေကို ကိုင် တွယ်ခွင့်မပြုဖို့ စတဲ့သက်ငယ် မုဒိမ်းနဲ့ပတ်သက်တဲ့ ကလေးတွေ သိရှိဖို့ လိုအပ်တဲ့ အသိပညာပေး ဟောပြောတာတွေ လုပ်တယ်’’ ဟု ယင်းလှုပ်ရှားမှုတွင် ပါဝင် သည့် ပြည်နည်းပညာတက္ကသိုလ် ကျောင်းသား ကိုဝေဖြိုးသူက ပြောသည်။



 သက်ငယ် မုဒိမ်းမှုများကို ဆန့်ကျင်လှုပ်ရှားမှုတွင် ပြည်နည်းပညာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ တရားလွှတ် တော်ရှေ့နေများ၊ အရပ်ဘက်လူ မှုအဖွဲ့အစည်းများ၊ တက်ကြွလှုပ် ရှားသူများ စသည့်စိတ်ပါဝင်စား သူဦးရေ ၂၀ ခန့်ပါဝင်ခဲ့သည်။

ထို့အပြင် အဆိုပါလှုပ်ရှားမှု ဆောင်ရွက်သူများက ပြည်မြို့ ရတနာရွှေကူရီ မိဘမဲ့ကလေးများ ကျောင်း၊ ဝိနိယဘုန်းကြီးစာသင် ကျောင်းတို့ရှိ ကလေးများအား အသိပညာပေး ဟောပြောခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကျောက်ရုပ်၊ အဝိုင်းပတ်နေရာနှင့် ကမ်းနားလမ်းရှိ လူစည်ကားရာ နေရာများတွင် လက်ကမ်းစာ စောင်များ ဝေခြင်းနှင့် စတစ်ကာ ကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

‘‘အခုတစ်လော သက်ငယ် မုဒိမ်းတွေ အဖြစ်များလာတယ်။ ဖြစ်လာတဲ့ အမှုပေါ်မှာလည်း ချ မှတ်တဲ့ ပြစ်ဒဏ်က မမျှတဘူး။ မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ မှာ ပြစ်ဒဏ်ချမှတ်ရင် ဆယ်နှစ် ကနေ အနှစ် ၂၀ အထိ ချမှတ်နိုင် တယ်ဆိုပေမယ့် ၁၀ နှစ်အထိ ချတာတောင် သိပ်မတွေ့ရဘူး။ သုံးလေးနှစ်လောက်ပဲချတယ်။ အဲဒီတော့ ခံစားရသူတွေအဖို့ ကု စားဖို့ မျှတတဲ့ ပြစ်ဒဏ်မဟုတ် တော့ ကျေနပ်စရာမရှိဘူး။ သက်  ငယ်မုဒိမ်းဆိုရင် ကြီးလေးတဲ့ပြစ် ဒဏ်ချမှတ်ဖို့ သေဒဏ်အထိ ဖြစ် သင့်တယ်။ ဒါကြောင့် သက်ငယ် မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ကလေးတွေကို အသိပညာပေးဟောပြော ဖြစ်တယ်။ မျှတတဲ့ ပြစ်ဒဏ်ခံစား ရသူတွေအဖို့ ကျေနပ်နှစ်သိမ့်မှု ရရှိနိုင်မယ့် ပြစ်ဒဏ်မျိုးဖြစ်ဖို့ အခု လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ရ ခြင်းဖြစ်ပါတယ်’’ဟု တရားလွှတ် တော်ရှေ့နေ ဒေါ်အေးသန္တာက ပြောသည်။ ဇော်မင်းထိုက်

No comments:

Post a Comment