Tuesday, November 29, 2016

မြ၀တီမြို့ အမှတ်​ (၁) ရပ်​ကွက်​ ​သောင်​ရင်းမြစ်​​ရေလယ်​ကျွန်းသို့ မူးယစ်​​ဆေး ၀ါး သွား​ရောက်​ဖမ်းဆီးစဉ် ဓားဖြင့်​ရန်​ပြုသူအား ရဲတပ်​ဖွဲ့က လုံး​ထွေးဖမ်းဆီး

ကရင်​ပြည်​နယ်​ မြ၀တီမြို့ အမှတ်​ (၁) ရပ်​ကွက်​ ​သောင်​ရင်းမြစ်​ ​ရေလယ် ကျွန်း တွင်​ မူးယစ်​​ဆေးဝါး ရောင်းချနေ​ကြောင်း သတင်းအရ သွား​ရောက်​ ဖမ်း ဆီးရာ ဓားဖြင့်​ရန်​ပြုသူအား ရဲတပ်​ဖွဲ့က လုံးထွေးဖမ်းဆီးခဲ့ရ​ကြောင်း သိရသည်​။ ယင်းသို့ ရဲတပ်​ဖွဲ့က သွား​ရောက်​ဖမ်းဆီးစဉ်​ မူးယစ်​​ဆေးဝါး​ရောင်းဝယ်​သူ၊ သုံးစွဲသူများအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်​ အတူ ဖမ်းဆီးရရှိခဲ့သည်​။ေ အာက်တိုဘာ ၂၈ ရက်​​ နံနက်​ ၄ နာရီ ခန့်​က ​သောင်​ရင်းမြစ်​ ချစ်​ကြည်​​ရေးတံတားအနီး ​ရေလယ်ကျွန်းတွင် ​မူးယစ်​​ဆေးဝါး ရောင်းချ​နေ​ကြောင်း သတင်းအရ မြ၀တီခရိုင်​ရဲတပ်​ဖွဲ့မှ ဒုစရိုက်​နှိမ်နင်းရေးအဖွဲ့ခေါင်း​ဆောင်​ ရဲအုပ်​မျိုး​ကျော်​၊ နယ်​ထိန်း​ခေါင်းဆောင်​ ဒုရဲအုပ်​ သက်​နိုင်​စိုး၊ အမျိုးသမီးရဲ​မေ နှင့်​ အရပ်​သားများ ပါဝင်​သည့် ပူး​ပေါင်းအဖွဲ့သည်​​ ရေလည်​ကျွန်းတွင်​​နေထိုင်​သည့်​​ ဇော်​လတ်​၏​နေအိမ်အား ၀င်​​ရောက်​ရှာ​ဖွေရာ ​ဇော်​လတ်​နှင့်​အတူ စိုးနိုင်​ဦးအား​တွေ့ရှိ ခဲ့သည်​။


ဖမ်းဆီး​ရေးအဖွဲ့မှ ၀င်​​ရောက်​​သည်​နှင့် ​ဇော်​လတ်​က လွယ်​အိတ်​အတွင်းမှ တိတ်​အနက်​ပတ်​ထား​သော ​ကော်​ဘူးအား ​နေအိမ်​အတွင်းသို့ လွှင့်​ပစ်​ပြီး ၎င်းထိုင်​​နေသည့်​ ၀ဲဘက်​တွင်​ချထား​သော ၂၃ လက်​မခန့်​ရှိ ဓားရှည်​ကို​ကိုင်​ကာ ဖမ်းဆီး​ရေးအဖွဲ့အား ရန်​ပြုရန်​ အိမ်​​ရှေ့သို့ ​ပြေးထွက်​လာရာ ရဲအုပ်​မျိုး​ကျော်​၊ ရဲတပ်ကြပ်​မင်းသူ၊ ရဲတပ်​ကြပ်​မင်း ထက်​သူတို့က လုံး​ထွေးဖမ်းဆီးခဲ့ရ​ကြောင်း သိရသည်​။
ထို့​နောက်​ မူးယစ်​​ဆေးဝါး ဖမ်းဆီး​ရေးအဖွဲ့မှ ၎င်း၏နေအိမ်​အား ၀င်​​ရောက်​ရှာ​ဖွေရာ ​ဇော်​လတ်​လွှင့်​ပစ်​လိုက်သည့်​ ​ကော်​ဘူး အတွင်းမှ WY စာတန်းပါ စိတ်​ကြွ​ဆေးသုံးပြား၊ နေအိမ်​ကြမ်းပြင်​​ပေါ်မှ အကြည်​​ရောင်​တိပ်​ပတ်​လျက်​ အိတ်​အတွင်းမှ ပန်း​ရောင်​ ၁၈၅၀ ပြား၊ အစိမ်း​ရောင်​၂၀ ပြား စုစုပေါင်း ၁၈၇၃ ပြား ဖမ်းဆီးရမိခဲ့သည်​။
ထို့အတူ မစန်းစန်း​ဝေ၏​ နေအိမ်​သို့ ၀င်​​ရောက်​ရှာဖွေရာ WY စာတန်းပါ စိတ်​ကြွရူးသွပ်​​ဆေး​ပြား ၂၂ ပြားနှင့်​​ ငွေစက္ကူရောရာ ကျပ် ၅၅၀၀၀ ​တို့အား ဖမ်းဆီးရမိခဲ့သည်​။
သို့ဖြစ်​၍ မြ၀တီမြို့မ ရဲစခန်းမှမစန်းစန်း​ဝေ၊ မဥမ္မာ (​ပြေး) နှင့်​ ​ဇော်​လတ်​တို့အား မယ (ပ) ၁၅၅/ ၂၀၁၅ ပြစ်မှုပုဒ်မ ၁၅/ ၁၉ (က)၂၁ ဖြင့်​ အ​ရေးယူစစ်​​ဆေးလျက်​ ရှိ​သည်​။
မြ၀တီမြို့ ရေလယ်​ကျွန်းတွင်​ ​ရွှေ့ပြောင်းသွားလာ​လုပ်​ကိုင်​ စား​သောက်​သူ ​တဲအိမ်​ ၅၀ ခန့်​ရှိပြီး မူးယစ်​​ဆေးဝါး​ရောင်းဝယ်​သုံးစွဲမှုနှင့် ပတ်သက်ပြီး သတင်း​ထွက်ပေါ်မှုကြောင့် သက်​ဆိုင်​ရာမှ မကြာခဏ သွားရောက်​ဖမ်း ဆီးလျက်​ရှိ​ကြောင်း သိရသည်။
Writer: ရွှေသိန်း

No comments:

Post a Comment