Friday, November 18, 2016

တောင်သမန် ဦးပိန်တံတားကို ဗိသုကာကောင်စီ၏ အကြံပြုချက်ဖြင့် ယခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ပြုပြင်မည်

မန္တလေး၊ အမရပူရ တောင်သမန်အင်းရှိ တောင်သမန် ဦးပိန်တံတားကို မြန်မာနိုင်ငံ ဗိသုကာ ကောင်စီ၏ အကြံပြုချက်ရယူကာ ပြန်လည် ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။ တောင်သမန် ဦးပိန်တံတားမှာ ပြည် တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့ လာကြည့်ရှုသည့် သစ်လုံး၊ သစ်သားများဖြင့် တည်ဆောက်ထားသည့် တံတားကြီးဖြစ်ရာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးနှင့်တစ် ခုတည်းသော ရှေးဟောင်း သစ်သား တံတား ကြီးအဖြစ် ထင်ရှားသည်။ အဆိုပါတံတား ကြီးမှာ နေ့စဉ် ဖြတ်သန်းသွားလာသူများ ပြားသဖြင့် ရေရှည်တည်တံ့စေရန် လိုအပ်သဖြင့် ရှေးမူမပျက် ထိန်းသိမ်းထားရှိနိုင်ရန် ပြုပြင်ထိန်းသိမ်းမှုများ၊ အစားထိုး လဲလှယ်မှုများ မကြာခဏ ပြုလုပ်ပေးခဲ့ရသည်။ ရှေးမူမပျက် ထားရှိရန်ဖြစ်သော်လည်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မူလလက်ရာအတိုင်း ရရှိစေရန် ကျွန်းတိုင်လုံးကြီးများ ဖြင့် အစားထိုးပြုပြင်ရာတွင် တံတားပေါ်မှာ သွားလာသူများ၊ ရပ်နားနေထိုင်၍ အပန်းဖြေ၊ ရှုခင်းကြည့် ပြုလုပ်သူများ အဆင်ပြေစေရန် ဗိသုကာပညာရှင်များ၏ အကြံပြုချက်များကို ရယူဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဒီဇင်ဘာလမှစတင်၍ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ စတင်အကောင် အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လှိုင်ထွေးအောင်

No comments:

Post a Comment