Monday, November 21, 2016

မူဆယ်၁၀၅မိုင်အနီးတိုက်ပွဲကြောင့် ဒေသခံ နှစ်ဦးသေဆုံး ၂၆ ဦး ဆေးကုသမှုခံယူနေရ

မူဆယ်မြို့ စီးပွားရေးဇုံ၁၀၅မိုင်အနီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး ၂၆ ဦးဆေးရုံ မှာဆေးကုသမှု ခံယူနေရတယ်လို့ ကူညီပေးနေတဲ့ မူဆယ်မြို့ကရုဏာ ကူညီရေးအသင်းကသိရပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ကျေးရွာအနီး မိုင်းယုကျေးရွာ ကဒေသခံပြည်သူ တစ်ထောင်ကျော် မူဆယ်မြို့တွင်းကိုလာရောက် ခိုလူံနေကြရတယ်လို့ ကရုဏာလူမှုကူညီရေး အသင်း ဥက္ကဌ ဦးသောင်းထွန်းကပြောပါတယ်။ သူကခုထိဒဏ်ရာရ တဲ့သူတွေဆေးရုံ ထက်ပို့နေတုန်း ပဲဆေးရုံကကားနဲ့ အသင်းက ကားတွေပေါင်းပြီးကူညီနေတာပါလို့ ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာအရပ်သားကုန်သည်တွေဒေသခံတွေအပြင်ရဲ လေးဦးနဲ့အကောက်ခွန် ၀န်ထမ်းတစ်ယောက် ပါတယ်လို့ သိရပါတယ်။ သည်ကနေ့ မနက်တပ်မတော်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတိုင်းရင်း သားတပ်မတော်တွေဖြစ်တဲ့ တအာဝ်းတပ်နဲ့ ကေအိုင်အေ တပ်နှစ်ခု ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် မူဆယ်၁၀၅မိုင်ရဲစခန်းတို က်ခိုက်ခံခဲ့ ရတယ်လို့သိရပါတယ်။ တအာဝ်းတပ်မတော်မှဗိုလ်မူးကြီး တာဘုန်းကျော်က တိုင်းရင်းသားဒေသတွေကို အစိုးရတပ်မတော်က ၀င်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေရ တာပါလို့မေးမြန်းမှု ကိုပြန်လည်ဖြေကြားခဲ့ပါတယ်။ Kumudra

No comments:

Post a Comment