Friday, November 25, 2016

တူရကီတောင်ပိုင်းအုပ်ချုပ်ရေးရုံးအဆောက်အအုံတွင် ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံး

အကြမ်းဖက်အုပ်စုများ၏တိုက်ခိုက်မှုများနှင့်ရင်ဆိုင်လာရနိုင်သည်ဟု အမေရိကန်က သတိပေးခဲ့ပြီး ရက်သတ္တပတ် အနည်း ငယ်အကြာတွင် တူရကီတောင်ပိုင်း အဒနာမြို့ရှိ အုပ်ချုပ်ရေးရုံးအဆောက်အအုံတွင် ကြာသပတေးနေ့က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး အဆောက်အအုံအပြင်ဘက်၌ရှိနေသူ လူ ၃ဝ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။ တူရကီရှိ မက်ဒီတာရေးနီးယန်းကမ်းခြေမှ ကီလိုမီတာ ၄ဝ (မိုင်၅ဝ)အကွာ အုပ်ချုပ်ရေးရုံးအဆောက်အအုံ၏ အပြင်ဘက် ကားပါကင်၌ ယာဉ် တစ်စီးပေါက် ကွဲသွားပြီး မည်းနက်နေသည့် မီးခိုးလုံးကြီးများ ကောင်းကင် ယံပေါ်သို့ တစ်ရှိန်ထိုးတက်သွားသည်ကို ဗီဒီယိုဖန်သားပြင်ပေါ်မှတွေ့မြင် လိုက်ရသည်။ အဆောက်အအုံပြတင်းပေါက်များပွင့်ထွက်သွားခဲ့ပြီး အဆောက်အအုံ၏ ခြောက် ထပ်မြောက် မျက်နှာစာရှိ အစိတ်အပိုင်းများမှာ တစ်စစီပျက်စီးသွားခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး မာမွတ်ဒီမာတက်စ်က နံနက် ၈ နာရီအချိန်တွင် အုပ်ချုပ်ရေးရုံးရှေ့တွင် ရပ်ထားသည့် ယာဉ်တစ် စီးပေါက်ကွဲခဲ့ ကာလူနှစ်ဦးသေဆုံးသွားကြောင်း ပြောကြားခဲ့သည်ကို ကိုးကားလျက် နိုင်ငံပိုင် အနာဒိုလူ သတင်းအေဂျင်စီက ဖော်ပြသည်။
အဒနာ၌ ကွန်ဖရင့်စည်းဝေးပွဲတက်ရောက်နေသည့် စွမ်းအင်ဝန်ကြီး ဘီရတ်အယ်လ်ဘာရတ်ခ်က အဆိုပါပေါက်ကွဲမှုတွင် လူ ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြောကြားခဲ့သည်။ အဒနာသည် အမေရိကန် တပ်မတော်က ဆီးရီးယားရှိ အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်နှိမ် နင်းမှုများ လုပ်ဆောင်ရာဖြစ်သည့် အင်ဆာလစ်လေတပ် အခြေစိုက်စခန်းမှ ၁ဝ မိုင်(၁၆ ကီလို မီတာ) အကွာခန့်တွင်တည်ရှိသည်။
အမေရိကန်တပ်မတော်မှ သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ မိသားစုဝင်အသီးသီးကို အဒနာမှ ထွက်ခွာသွားရန် ညွှန်ကြားထားကြောင်း သိရသည်။
ရိုက်တာ

No comments:

Post a Comment