Monday, November 28, 2016

ခြေချင်းဝတ်ဒဏ်ရာအတွက် လီဗာပူးတိုက်စစ်မှူး ကော်တင်ဟို စစ်ဆေးမှုခံယူရမည်

လီဗာပူးတိုက်စစ်မှူး ကော်တင်ဟိုဟာ ခြေချင်းဝတ်ဒဏ်ရာအတွက် ဒီကနေ့မှာ စစ်ဆေးမှု ခံယူရမှာပါ။ေ က်ာတင်ဟိုဟာ နိုဝင်ဘာ ၂၆ ရက်က ဆန်းဒါးလန်းကို အနိုင်ရတဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာပါ။ အသက် ၂၄ နှစ်အရွယ် ဘရာဇီးကစားသမားဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအတွက် ၅ ဂိုး သွင်းပေးထားပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးမှု ၆ ကြိမ် လုပ်ပေးထားပါတယ်။ တိုက်စစ်မှူး ကော်တင်ဟိုဟာ ဒီရာသီမှာ ကလပ်အသင်း လီဗာပူးရော နိုင်ငံအသင်း ဘရာဇီးမှာပါ ခြေစွမ်းပြ ကစားနေသူလည်း ဖြစ်ပါတယ်။

No comments:

Post a Comment