Monday, November 28, 2016

ဂျူဗင်တပ် မထင်မှတ်ဘဲ ရှုံးနိမ့် အာဆင်နယ်နိုင်ပွဲရ

စီးရီးအေတွင် ထိပ်ဆုံးမှ ပြေးနေသော ဂျူဗင်တပ်သည် ဂျီနိုအာကို မထင်မှတ်ဘဲ ၃-၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အာဆင် နယ်ကမူ အမှားအယွင်း မရှိဘဲ ဘုန်းမောက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဂျူဗင်တပ်သည် အိမ်ရှင်ဂျီနိုအာအသင်း၏ ပထမပိုင်း ခြေစွမ်းပြမှုကြောင့် နောက်ကောက် ကျခဲ့ခြင်းဖြစ်သည်။ အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီ၏သား ဂျီနိုအာအသင်းမှ ဂျီယိုဖန်နီဆိုင်မွန်က နှစ်ဂိုးသွင်းယူခဲ့သည်။ အခြား တစ်ဂိုးမှာ အဲလက်စ်ဆန်ဒရို ကံဆိုးစွာဖြင့် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။ မီရာလက်စ်ပီ ဂျာနစ်က ဒုတိယပိုင်းတွင် အလွတ်တည် ကန်ဘောမှ လှပသောကန်ချက်ဖြင့် ဂိုးရယူခဲ့သော်လည်း ချန်ပီယံဂျူဗင်တပ်အတွက် နောက်ကျခဲ့ပြီဖြစ်သည်။ ပရီးမီးယားလိဂ်တွင် အာ ဆင်နယ်က ဆန်းချက်ဇ်၏ သွင်း ဂိုးနှစ်ဂိုးနှင့်အတူ သုံးပွဲဆက်တိုက် သရေကျခဲ့ခြင်းကို အဆုံးသတ်ပြီး ဘုန်းမောက်ကို ၃-၁ ဂိုးဖြင့် အ နိုင်ရရှိခဲ့သည်။ ပွဲချိန်အများစုကို အာဆင် နယ်က ၂-၁ ဂိုးဖြင့် ဦးဆောင်နေသော်လည်း ဧည့်သည် ဘုန်း မောက်က ချေပဂိုးရရှိရန် ဖိကစား ခဲ့ရာမှ တန်ပြန်တိုက်စစ်မိပြီး ဆန်း ချက်ဇ်၏ ဒုတိယဂိုးကို နာကျင်အ ချိန်ပိုတွင် ခွင့်ပြုခဲ့ရသည်။ အစောပိုင်းပွဲစဉ်တွင် စတုတ်က ၀က်ဖို့ဒ်ကို ၁-၀ ဂိုး ဖြင့် နိုင်ပြီး တိုင်ထိ၍ ပြန်ထွက်လာသော ဘောလုံးက ၀က်ဖို့ဒ် ဂိုးသမား ဂိုမက်စ်၏ ခြေထောက်နှင့် ထိကာ ဂိုးထဲပြန်ဝင်ခဲ့ခြင်းဖြစ်သည်။ —Ref:Goal

No comments:

Post a Comment